ပြင်းထန်သောရာသီဥတုကြောင့် ဂျပန်နှင့်တောင်ကိုရီးယားတို့၏ လေကြောင်းခရီးစဥ်များထိခိုက်ခြင်းမရှိဟုဆို

0
181

စင်္ကာပူ၊ဇန်နဝါရီ ၂၆

အရှေ့အာရှသို့ဝင်ရောက်နေသည့် ပြင်းထန်သောရာသီဥတုအခြေအနေကြောင့် ဂျပန်နှင့်တောင်ကိုရီးယားသို့ပြေးဆွဲနေသည့် စင်္ကာပူလေကြောင်းလိုင်းများအား ထိခိုက်ခြင်းမရှိကြောင်းသိရှိရသည်။

စင်္ကာပူနှင့်တောင်ကိုရီးယားသို့ပြေးဆွဲနေသည့် လေကြောင်းလိုင်းများအားလုံး ပုံမှန်အတိုင်းပြေးဆွဲနေကာ ဂျပန်နှင့်စင်္ကာပူတို့၏ ခရီးစဉ်များလည်း ပုံမှန်အတိုင်းရှိသည်ဟုပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

တစ်ခုခုထူးခြားပါက သက်ဆိုင်ရာဌာနများ၏လူမှုကွန်ရက်များမှတစ်ဆင့် ကြေငြာပေးသွားမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့်လည်း ခရီးစဉ်အခြေအနေအားအချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန် လိပ်စာအပြောင်းအလဲရှိပါက အမြန်ဆုံးအကြောင်းကြားပေးရန် တာဝန်ရှိသူများကပြောကြားခဲ့သည်။

ယခုဆောင်းမုန်တိုင်းသည် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှ ကြာသပေးနေ့မွန်းလွဲပိုင်းအထိ ဆီးနှင်းများထူထပ်စွာကျနိုင်ပြီး ဆိုးလ်နှင့်အနီးနားရှိဒေသများသို့ ဆက်လက်ရွေ့လျားသွားနိုင်သဖြင့် အန္တရာယ်ရှိသောလမ်းကြောင်းအခြေအနေကိုလည်း သက်ဆိုင်ရာကသတိပေးထားသည်။

ထို့ပြင်ဂျပန်၌လည်း နှင်းများထူထပ်စွာကျဆင်းမှုနှင့် စံချိန်တင်အေးသောအပူချိန်ကျဆင်းမှုများကြောင့်လည်း အနှောင့်အယှက်ဖြစ်ခဲ့ရသည်ဟုဆိုသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here