ဘန်ကောက်၌ လေထုညစ်ညမ်းမှုဆိုးရွားလာသဖြင့် တတ်နိုင်သမျှ အပြင်မထွက်ကြရန်ညွှန်ကြားထား

0
281

ဘန်ကောက်၊ဇန်နဝါရီ ၂၆

ထိုင်းနိုင်ငံဘန်ကောက်မြို့၌ လေထုညစ်ညမ်းမှုဆိုးရွားလာသဖြင့် ဖြစ်နိုင်ပါက အိမ်မှသာအလုပ်လုပ်ပြီး မဖြစ်မနေ အပြင်ထွက်ရန်လိုပါက နှာခေါင်းစည်းတပ်ကြရန် ဒေသခံများအား အာဏာပိုင်များကညွှန်ကြားထားသည်။

ထို့အပြင် အတတ်နိုင်ဆုံးကိုယ်ပိုင်ယာဉ်များ ကို အသုံးမပြုဘဲ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကိုသာ အသုံးပြုရန်လည်းတိုက်တွန်းထားသည်။

မီးလောင်မှုနှင့်ဆောက်လုပ်ရေး စီမံချက်များကဲ့သို့သော လေထုညစ်ညမ်းမှု၏ ဇစ်မြစ်များကိုလည်း လျှော့ချရန်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ထိခိုက်လွယ်ကာအန္တရာယ်ရှိသူများကို နှာခေါင်းစည်းများဝေပေးမည်ဟုလည်း ဘန်ကောက်ရှိအာဏာပိုင်များကပြောကြားခဲ့သည်။

လေထုညစ်ညမ်းမှုသည် ဇန်နဝါရီ ၂၆ မှစ၍ ပိုဆိုးလာနိုင်သော်လည်း ကျောင်းများပိတ်ရန်တော့မလိုအပ်သေးကြောင်းသိရသည်။

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းဒေသများ၏ တောမီးနှင့်လယ်ယာရှို့မီးများသည် လေထုညစ်ညမ်းမှု၏အဓိကအချက်များဖြစ်ကြကာ ထုတ်လုပ်မှု၊ဆောက်လုပ်ရေးနှင့်သယ်ယူပို့ဆောင်ရေးတို့ကြောင့် မူလကတည်းက လေထုအရည်အသွေးညံ့ပြီးသားဖြစ်သည့် ဘန်ကောက်မြို့၏ လေထုညစ်ညမ်းမှုကိုပိုမိုဆိုးရွားစေလျက်ရှိသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here