အနောက်အုပ်စုအနေဖြင့် ယူကရိန်းသို့တင့်ကားများပေးခြင်းက စစ်ပွဲ၌ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းဖြစ်ဟု ရုရှားဝေဖန်

0
257

ရုရှားနှင့်စစ်ပွဲ၌ အနောက်အုပ်စုအနေဖြင့် ယူကရိန်းသို့တင့်ကားများပို့ပေးမည်ဟူသော ကြေငြာချက်အား ရုရှားက အဆိုပါလုပ်ရပ်သည် စစ်ပွဲ၌တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမျိုးဖြစ်သည်ဟု ပြောကြားကာ ဝေဖန်ရှုံ့ချခဲ့သည်။

ယခုပြောကြားချက်သည် ဂျာမနီကယူကရိန်းသို့ leopard 2 တင့်ကား ၁၄ စီး လွှတ်ရန်အတည်ပြုပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ယင်းနောက် ကန်သမ္မတကလည်း အမေရိက၏အင်အားအကြီးဆုံး အက်ဘရမ်စ်တင့်ကား ၃၁ စီးကိုပို့မည်ဟုလည်းကြေငြာခဲ့သည်။

ဥရောပနှင့်အမေရိက တို့က တင့်ကားများနှင့်လက်နက်အမျိုးအစားအမျိုးမျိုးကို ယူကရိန်းသို့ပေးပို့ခြင်းသည် ရုရှား – ယူကရိန်းအရေး၌ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမျိုးဖြစ်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချသည်ဟု ခရင်မလင်ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

“ဒီလုပ်ရပ်ကပဋိပက္ခကိုပိုကြီးမားလာစေမှာပါ၊လက်ခံနိုင်စရာအကြောင်းမရှိပါဘူး” ဟုလည်းပြောကြားခဲ့ပြီး ယခုထုတ်ပြန်ချက်သည် ဂျာမနီနှင့်အမေရိကတို့၏ တင့်ကားနှင့်လက်နက်ပေးပို့မှုကြေငြာချက်အား ရုရှားက ပထမဆုံးတုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here