အသက် ၁၁၅ နှစ်ဖြင့် ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာသည့် အမေရိကန်ဖွား စပိန်အမျိုးသမီး

0
198

ယခုလအစောပိုင်းတွင် အသက် ၁၁၈ နှစ်အရွယ် ပြင်သစ်သီလရှင် စစ္စတာ အန်ဒရေ ကွယ်လွန်သွားပြီးနောက် အမေရိကန်နိုင်ငံဖွား စပိန်လူမျိုး မာရီ့ယာ ဘရန်ရာစ် မိုရေရာ သည် အသက် ၁၁၅ နှစ်ဖြင့် ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်း၏ ကမ္ဘာ့အသက်ကြီး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခြင်းကို ခံခဲ့ရသည်။

အဘွား မိုရေရာကို ၁၉၀၇ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့၌ မွေးဖွားခဲ့သော်လည်း ယခုလက်ရှိတွင်မူ စပိန်နိုင်ငံ၊ ကတတ်လိုးနီးယားပြည်နယ်ရှိ ဘိုးဘွားရိပ်သာတစ်ခု၌ နေထိုင်နေသည်။

မိုရေရာကို ရိုက်ညီနောင်တို့ ကမ္ဘာ့ပထမဆုံး စက်တပ် လေယာဉ်အား အောင်မြင်စွာ စမ်းသပ်ပျံသန်းခဲ့ပြီးနောက် လေးနှစ်ခန့်အကြာနှင့် တိုက်တန်းနစ်သင်္ဘော စတင်မတည်ဆောက်မီ ၂ နှစ်ခန့်အလိုတွင် ဖွားမြင်ခဲ့ကြောင်း သိရသည်။

မိုရေရာသည် ကမ္ဘာစစ်ကြီး နှစ်ခုသာမက ကမ္ဘာ့ကပ်ကြီး နှစ်ခုကိုပါ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သူဖြစ်သည်။

အသက် ၁၁၆ နှစ်ပြည့်ရန် လပိုင်းသာ လိုတော့သော်လည်း မိုရေရာသည် သမီးငယ်၏ အကူအညီဖြင့် သူ၏ ထောင်နှင့်ချီသော ဖော်လိုဝါများနှင့် ဆက်သွယ်ရန်အတွက် တွစ်တာကိုပင် အသုံးပြုနေကြောင်း သိရသည်။

သူ၏ တွစ်တာဘိုင်အိုတွင်လည်း “ကျွန်မဟာ အသက်ကြီးပါပြီ၊ အရမ်းကို ကြီးပါပြီ ဒါပေမဲ့ လဒူတော့ မဟုတ်ပါဘူး” ဟူ၍ နောက်ပြောင်‌ ရေးသားထားသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here