ရုရှားအားကစားသမားများကိုပါဝင်ယှဉ်ပြိုင်ခွင့်ပြုပါက အိုလံပစ်ကို သပိတ်မှောက်မည်ဟု ယူကရိန်းအရိပ်အမြွက်ပြောကြား

0
243

တိုကျို၊ဇန်နဝါရီ ၂၇

၂၀၂၄ ခုနှစ်အိုလံပစ်အားကစားပြိုင်ပွဲ၌ ရုရှားနှင့်ဘီလာရုဇ်အားကစားသမားများကို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုပါက ယူကရိန်းအနေဖြင့် ပါရီအိုလံပစ်ပြိုင်ပွဲအား သပိတ်မှောက်နိုင်သည့် အခြေအနေရှိသည်ဟုသိရှိရသည်။

“ကျွန်တော်တို့ရဲ့သ‌ဘောထားကိုမသိကျိုးကျွံပြုထားမယ်ဆိုရင် ယူကရိန်းအားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိဘဲ အိုလံပစ်ကိုသပိတ်မှောက်မယ့် အစီအစဉ်ဟာတစ်ကယ်ဖြစ်လာနိုင်ချေရှိပါတယ်” ဟု ယူကရိန်းအားကစားဝန်ကြီးကပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က နိုင်ငံတကာအိုလံပစ်ကော်မတီက ရုရှားနှင့်ဘီလာရုဇ်အားကစားသမားများအတွက် ပုံမှန်ထက်ပိုမိုတင်းကြပ်သောစည်းမျဉ်းများဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်မည့် လမ်းညွှန်ချက်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့သည်။

မူလကမူ နိုင်ငံတကာအိုလံပစ်ကော်မတီက ရုရှား၏ ကျူးကျော်စစ်ကြောင့် ရုရှားအားကစားသမားများကို ပါဝင်ယှဉ်ပြိုင်ခွင့်မပြုရန် ပြောကြားခဲ့သော်လည်း ယခုအခါ အားကစားသမားများသည် အားကစားသမားများသာဖြစ်ပြီး နိုင်ငံ့အခြေအနေကြောင့် ပြိုင်ပွဲမှတားမြစ်ခံရခြင်းသည် မဖြစ်သင့်ကြောင်း ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

ယူကရိန်းအားကစားအဖွဲ့အနေဖြင့်လည်း တားမြစ်မှုကိုဆက်လက်လုပ်ဆောင်နိုင်ရန် နိုင်ငံတကာအားကစားအဖွဲ့ချုပ်များနှင့် ဆက်သွယ်မှုအားကောင်းရန်လိုအပ်နေပြီး ပိတ်ဆို့မှုများဆက်လက်လုပ်ဆောင်နိုင်ရန် ဖြစ်နိုင်ချေရှိသည့်နောက်ထပ်အဆင့်များကိုလည်း ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း ယူကရိန်းအားကစားဝန်ကြီးကပြောကြားခဲ့သည်။

Source :Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here