ယူကရိန်းသို့တင့်ကားများပေးမည်ဆိုခြင်းကြောင့် အမေရိက ကို မြောက်ကိုရီးယားရှုံ့ချ

0
217

ဆိုးလ်၊ဇန်နဝါရီ ၂၈

ဝါရှင်တန်သည်ပရောက်စီစစ်ပွဲဖြင့် ဗိုလ်ကျ စိုးမိုးနိုင်ရန် ယူကရိန်းသို့ အမေရိကန်၏တင့်ကားများပေးအပ်မည်ဟုဆိုသဖြင့် မြောက်ကိုရီးယားက အမေရိကကို ပြစ်တင်ရှုံ့ချခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA ကဖော်ပြခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်းပြီးလျှင် ဩဇာအာဏာအကြီးဆုံးဖြစ်သည့် ၎င်း၏ညီမကင်မ်ယိုဂျုံကလည်း မြောက်ကိုရီးယားအနေဖြင့် အမေရိကန်ကိုတိုက်ခိုက်နိုင်သည့် ရုရှားကဲ့သို့သောနိုင်ငံများနှင့် အတူရပ်တည်နေမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဂျာမနီကယူကရိန်းသို့တင့်ကားများပေးမည်ဟုကြေငြာချက်ထုတ်ပြီးနောက် အမေရိကန်ကလည်း ၎င်း၏အဆင့်မြင့်ဆုံးတိုက်ပွဲဝင်တင့်ကား ၃၁ စီးကိုယူကရိန်းသို့ထောက်ပံ့ပေးသွားမည်ဟု ပြောကြားခဲ့သည်။

“မြေပြင်ထိုးစစ်အတွက် ယူကရိန်းကိုအခုလိုတွေပံ့ပိုးပေးနေတာက စစ်ပွဲအခြေနေပိုဆိုးလာအောင်လုပ်နေသလိုဖြစ်တာမို့ အလွန်စိုးရိမ်မိပါတယ်” ဟုလည်း ကင်မ်ယိုဂျုံ၏ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here