ဂျပန်၏နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရမည့်အမိန့်အားရုတ်သိမ်းကာ ကိုဗစ်ဗျူဟာများကိုဖြေလျှော့တော့မည်

0
136

တိုကျို၊ဇန်နဝါရီ ၂၇

ဂျပန်နိုင်ငံအနေဖြင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရန် ညွှန်ကြားထားသည့်အမိန့်အားရုတ်သိမ်းကာ ကိုဗစ်အား ရာသီတုပ်ကွေးအဆင့်သို့ လျှော့ချလျက်မဟာဗျူဟာများကို ဖြေလျှော့တော့မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကီရှီဒါက ဇန်နဝါရီလ ၂၇ ရက်နေ့ကပြောကြားခဲ့သည်။

နှာခေါင်းစည်းကိုမူ ယခင်ကကဲ့သို့ မဖြစ်မနေတပ်ဆင်ရန်မလိုတော့ဘဲ တစ်ဦးချင်းစီအနေဖြင့် မိမိတို့ဆန္ဒအလျောက် တပ်လိုကတပ်နိုင်ပြီး မတပ်လျှင်လည်းရပြီဖြစ်ကြောင်း ဝန်ကြီးချုပ်ကထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ကိုဗစ်နဲ့ယှဉ်တွဲနေထိုင်ခြင်းဆိုတဲ့အဆင့်ကို အရောက်သွားမှာဖြစ်ပြီး အိမ်၊ကျောင်း၊လုပ်ငန်းခွင်၊ပတ်ဝန်းကျင်နဲ့ ဘဝနေထိုင်မှုအားလုံးမှာ ပုံမှန်အခြေနေပြန်ရောက်အောင်လုပ်သွားမှာပါ” ဟုလည်း၎င်းကပြောခဲ့သည်။

ဂျပန်နိုင်ငံသူ/သားများအနေဖြင့် ကပ်ရောဂါမဖြစ်ခင်ကပင် သာမန်အအေးမိ၊နှာစေးပင်လျှင် ပတ်ဝန်းကျင်အနှောင့်အယှက်မဖြစ်စေရန် နှာခေါင်းစည်းတပ်လေ့ရှိကြသဖြင့် ယခုအချိန်၌လည်း အစိုးရက အမိန့်ပယ်ဖျက်လိုက်လျှင်ပင် အများပြည်သူကျန်းမာရေးရှေးရှူလျက် ကိုယ်ပိုင်အသိစိတ်ဖြင့်နှာခေါင်းစည်း ဆက်လက်တပ်ဆင်နေဦးမည်ဖြစ်ကြောင်း စစ်တမ်းများအရသိရသည်။

ဂျပန်၏ယခုလုပ်ဆောင်ချက်သည် မေလ ၈ ရက်နေ့၌စတင်အသက်ဝင်မည်ဖြစ်ပြီး ကိုဗစ်ကူးစက်ခံထားရသူများနှင့် ၎င်းတို့နှင့်အနီးကပ်ထိတွေ့ထားသူများပင်လျှင် သီးခြားခွဲနေထိုင်ရန်မလိုအပ်တော့ကြောင်းလည်းသိရှိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here