၂၀၂၄ ခုနှစ် အမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲ နှင့် နိုင်ငံတကာပြိုင်ပွဲအတွက် ပဏာမ အမျိုးသမီး ယူ-၂၀ အသင်းအား လေ့ကျင့်ပေးလျက်ရှိ

0
164

ယခုနှစ်အတွင်း ကျင်းပမည့် ၂၀၂၄ အာရှ အမျိူးသမီး ယူ-၂၀ ခြေစစ်ပွဲနှင့် နိုင်ငံတကာပြိုင်ပွဲများအတွက် ပဏာမ အမျိုးသမီး ယူ-၂၀ အသင်းကို ရန်ကုန်မြို့တွင် လေ့ကျင့်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှသိရသည်။

အဆိုပါ ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပေးမှုကို ၂၀၂၂ ဒီဇင်ဘာ နောက်ဆုံးပတ်မှ စတင်၍ ပဏာမ ကစားသမား ၃၈ ဦးရွေးချယ်ခဲ့ပြီး၊ ယင်းအနက် ၃၂ ဦးဖြင့် လေ့ကျင့်ပေးလျက်ရှိသည်။

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းကို နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်း၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်နွယ်နွယ်တိုးနှင့် ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြအဖြစ် ဒေါ်မေခင်ယမင်းတို့က တာဝန်ယူ ဆောင်ရွက်ကာ စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိသည်။

အဆိုပါ ပဏာမ အမျိုးသမီး ယူ-၂၀ ကစားသမားများကို ရွေးချယ်ရာတွင် ပြီးခဲ့သည့်နှစ် အမျိုးသမီးလိဂ် ပြိုင်ပွဲဝင် ကလပ်အသင်းများမှ ကစားသမားများ၊ ယူ-၁၉ နှင့် ယူ-၁၆ လက်ရွေးစင်များ၊ အား/ကာသိပ္ပံများမှ ကစားသမားများအပြင် နေပြည်တော်တွင် ကျင်းပခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲမှ ခြေစွမ်းပြခဲ့သော ကစားသမားများကိုပါ ပေါင်းစပ် ရွေးချယ်ထားခြင်း ဖြစ်သည်။

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းသည် ကမ္ဘောဒီးယားနိုင်ငံတွင် အာရှခြေစစ်ပွဲ ပထမအဆင့် အုပ်စု (G)အဖြစ် မတ်လ ၈ ရက်မှ ၁၂ ရက်ထိ အိမ်ရှင် ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ မလေးရှား အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ပထမအဆင့် ခြေစစ်ပွဲတွင် အုပ်စုပထမရသော အသင်း (၈)သင်းသည် ၂၀၂၃ ခုနှစ် ဇွန်လအတွင်းတွင် အုပ်စုနှစ်ခုခွဲ၍ ဒုတိယအဆင့် ခြေစစ်ပွဲများ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုနှစ်ခုမှ အုပ်စုပထမနှင့် ဒုတိယရသော အသင်းလေးသင်းမှာ ဥဇဘက်ကစ္စတန်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား အသင်းတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

ဂိုးသမားအဖြစ် မေဦးခင် (ISPE FC)၊ ဖီးဗေ (Y.R.E.O FC)၊ လူဆီးယာ (မြဝတီအက်ဖ်စီ)၊ သူဇာအောင် (ဧရာဝတီ တိုင်းဒေသကြီး)၊ သက်ထားအောင် (မကွေးတိုင်း ဒေသကြီး)တို့ ကစားကြမည်ဖြစ်သည်။

နောက်တန်းကစားသမားများအဖြစ် ဖြူဖွေး၊ ယုယုနိုင်၊ ဖျားမြမိုးမိုးအေး၊ နွယ်မိုး (Y.R.E.O FC)၊ ခင်ဌေးကြိုင်၊ မိုးပြည့်ပြည့်မောင် (Sports and Education FC)၊ ဒီဇင်ဘာနှင်း (သစ္စာအားမာန် အက်ဖ်စီ)၊ ခင်မိုးဝင်း (ဧရာဝတီတိုင်းဒေသကြီး)၊ အိဇင်မိုး (Youth Camp နေပြည်တော်)၊ ယမင်းစန္ဒာအောင်၊ မေသရဖီကျော် (မကွေးတိုင်း ဒေသကြီး)၊ ကြယ်စင် (ISPE FC)၊ ဖြူဖြူဝင်း (မြဝတီအက်ဖ်စီ)၊ ဝေဖူးအိမ် (သစ္စာအားမာန်အက်ဖ်စီ)တို့ကစားကြမည်ဖြစ်သည်။

အလယ်တန်းတွင် ဒေစီအောင်၊ နန်းချိုမွှေး (Y.R.E.O FC)၊ သဇင်မိုး (မွန်ပြည်နယ်)၊ နှင်းပွင့်အေး၊ ဟေမာန်စိုး (ISPE FC)၊ ဒီနင်ရာ၊ ဇခါရိုရ်စီ (ကချင်ပြည်နယ်)၊ ကေသွယ်ဖြိုး (အား/ကာသိပ္ပံ ရန်ကုန်)၊ သိင်္ဂီထွေး၊ ဝေဟင်ဖြိုး (Sports and Education FC)၊ စန္ဒာလင်း (အား/ကာသိပ္ပံ မန္တလေး)၊ မြနှင်းဝေ (မကွေးတိုင်း ဒေသကြီး)၊ မေသက်မွန်မြင့် (သစ္စာအားမာန်အက်ဖ်စီ)တို့ကစားကြမည်ဖြစ်သည်။

ရှေ့တန်းတွင် ဇင်မိုးပြည့်၊ ယုယနိုင် (Y.R.E.O FC)၊ ဆုမြတ်နိုး (မြဝတီအက်ဖ်စီ)၊ ယဉ်လွန်းအိမ် (ISPE FC)၊ ယွန်းဝတီလှိုင် (အား/ကာသိပ္ပံ မန္တလေး)၊ ဇမ်းခမ်းဟုန် (စစ်ကိုင်းတိုင်းဒေသကြီး)တို့ ပါဝင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here