လမိုင်းမြို့နယ်ရှိ ကော့လူစစ်သံကူကွန်ကရစ်တံတားအား PDF အဖွဲ့ဝင်များက လက်လုပ်မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီး

0
196

မွန်ပြည်နယ်၊လမိုင်းမြို့နယ်၊လမိုင်းမြို့-သောင်ပြင်ကျေးရွာသွားကားလမ်းပေါ်ရှိ ကော့လူစစ်သံကူကွန်ကရစ်တံတားအား PDF အဖွဲ့ဝင်များက ဇန်နဝါရီ ၂၇ ရက်နေ့လည်ပိုင်းက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့နေ့လည် ၃ နာရီခွဲခန့်က PDF အဖွဲ့ဝင်များသည် လမိုင်းမြို့နေသူများ ကိုယ်ထူကိုယ်ထတည်ဆောက်ထားသည့် လမိုင်းမြို့-သောင်ပြင်ကျေးရွာသွားကားလမ်းပေါ်ရှိ ကော့လူစစ်သံကူကွန်ကရစ်တံတားအား လက်လုပ်မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် လမိုင်းမြို့ဘက်ခြမ်း ကမ်းကပ်ခုံအုတ်တိုင် ၁ တိုင်၊တံတားလက်ရန်းများနှင့်မြေသားများအက်ကွဲပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

“ကားကြီးတွေကတော့ဖြတ်သွားလို့မရတော့ဘူးပေါ့ ကားလေးတွေတော့တစ်ခြမ်းကနေကပ်ပြီးသွားလို့ရတယ် ဖျက်ဆီးခံရတော့လည်း ပြန်ပြင်ဖို့အတွက် လူကြီးတွေတိုင်ပင်ပြီးလုပ်နေကြတယ် သက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်း လိုအပ်တာကူညီပေးမယ်လို့ပြောထားတယ်”ဟု မွန်ပြည်နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ကော့လူစစ်သံကူကွန်ကရစ်တံတားသည် ဒေသခံများကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ကာ အရှည် ၃၀ ပေ၊ အကျယ် ၁၂ ပေရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here