သင်္ဃန်းကျွန်းမြို့နယ်ရှိ ကားအပိုပစ္စည်းသိုလှောင်ရုံတွင် Level 1 အဆင့်မီးလောင်မှုဖြစ်ပွား

0
233

ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်၊(ခ)ရပ်ကွက်တွင် ဇန်နဝါရီ ၂၈ ရက်မွန်းတည့်ပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီ ၁၉ မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊(ခ)ရပ်ကွက်၊ပျဉ်းမမြိုင်လမ်းရှိ ကားအပိုပစ္စည်းသိုလှောင်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်ကျွမ်းမှုအား မွန်းတည့် ၁၂ နာရီ ၂၂ မိနစ်တွင် Level 1 အဆင့်ဖြင့်ထပ်မံငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းတည့် ၁၂ နာရီ ၃၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းတည့် ၁၂ နာရီ ၃၈ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

“သင်္ဃန်းကျွန်းဘူတာနားမှာရှိတဲ့ ကားအပိုပစ္စည်းသိုလှောင်ရုံမှာလှောင်တာပါ မီးကတော့များတယ် အချိန်မီငြှိမ်းသတ်နိုင်ခဲ့ပါတယ်”ဟု ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဇန်နဝါရီ ၂၇ ရက်ညပိုင်းကလည်း လှိုင်သာယာမြို့နယ်ရှိ စိန်ဂေဟာ Shopping Centre တွင် Level 3 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၂ နာရီခွဲကျော်ကြာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

Photo-ကရုဏာကမ်းလက်လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here