PDF များက အရာတော်မြို့နယ်ရှိ သလဲဘာကျေးရွာအား မီးရှို့ဖျက်ဆီး၊ ဘုန်းတော်ကြီးတစ်ပါးအပါအဝင် ၉ ဦးသေဆုံး

0
410

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်ရှိ သလဲဘာကျေးရွာအား PDF အဖွဲ့ဝင်များက ဇန်နဝါရီ ၂၇ ရက်ညပိုင်းက မီးရှို့ဖျက်ဆီးကာ လက်နက်ကြီး၊သေနတ်များဖြင့်ပစ်ခတ်ခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့ည ၉ နာရီခွဲခန့်က PDF အဖွဲ့ဝင်များသည် အရာတော်မြို့နယ်၊သလဲဘာကျေးရွာအနီးရှိ လုံ ခြုံရေးအဖွဲ့ဝင်များအား ကျေးရွာ၏ အရှေ့ဘက်နှင့်တောင်ဘက်တို့မှနေ၍ လက်နက်ကြီး၊သေနတ်များဖြင့်ပစ်ခတ်ခဲ့၍ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ထို့နောက် ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် PDF အဖွဲ့ဝင်များက ကျေးရွာတောင်ဘက်ရှိ လူနေအိမ်များအားမီးရှို့ဖျက်ဆီးပြီးထွက်ပြေးသွားခဲ့ကြသည်။

PDF အဖွဲ့ဝင်များ၏ မီးရှို့မှုကြောင့် နေအိမ် ၈၀ မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး ကျေးရွာအတွင်းလက်နက်ကြီး၊သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် သက်တော်(၈၃)နှစ်၊ဝါတော်(၁၀)ဝါရှိဘုန်းတော်ကြီး တစ်ပါးပျံလွန်တော်မူခဲ့ပြီး ကျေးရွာနေ အမျိုးသား ၅ ဦးနှင့်အမျိုးသမီး ၃ ဦးတို့လည်းသေဆုံးခဲ့ကာ အမျိုးသား၂ ဦးဒဏ်ရာများရရှိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်တွင် မီးလောင်ပျက်စီးသွားသည့် နေအိမ်များ၌ နေထိုင်သူများအား လုံခြုံရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက နီးစပ်ရာ ကျေးရွာဘုန်းတော်ကြီးကျောင်းများ၊စာသင်ကျောင်းများ၊ဆွေမျိုးများ၏ နေအိမ်များသို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here