၂၀၂၅ အထိနှစ်နှစ်တာကာလအတွင်း ထိုင်ဝမ်နှင့်ပတ်သက်၍ အမေရိကနှင့်တရုတ်တို့စစ်ဖြစ်နိုင်ဟုခန့်မှန်း

0
220

ဝါရှင်တန်၊ဇန်နဝါရီ ၂၉

အမေရိကန်လေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးက ၂၀၂၅ ခုနှစ်တွင် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ တရုတ်နှင့်စစ်ရေးပဋိပက္ခဖြစ်နိုင်ချေအတွက် ကြိုတင်ပြင်ဆင်ထားရန် အရာရှိများအားညွှန်ကြားချက်တစ်ခုထုတ်ပြန်ခဲ့ကြောင်းသိရှိရသည်။

ယခုသတိပေးချက်သည် ဗိုလ်ချုပ်ကြီး မီနီဟမ်၏တစ်ဦးတည်းအမြင်သာဖြစ်သော်လည်း ထိုင်ဝမ်နှင့်ပတ်သက်၍ ပေကျင်း၏ယူဆချက်များအရ အမေရိကအတွက်သတိပေးချက်တစ်ခုအနေဖြင့် မီးမောင်းထိုးပြလိုက်သကဲ့သို့ပင်ဖြစ်သည်။

သတိပေးချက်အပေါ်ကာကွယ်ရေးအရာရှိတစ်ဦးကမူ ယခုသုံးသပ်ချက်နှင့်အမြင်သည် တရုတ်နိုင်ငံအပေါ်ထားသည့် ကာကွယ်ရေးဌာန၏အမြင်မဟုတ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။သို့သော်ထိုင်ဝမ်အပေါ်အင်အားသုံး၍ တရုတ်ပြည်မကြီးနှင့်ပြန်လည်ပေါင်းစည်းနိုင်ရန်ကြိုးပမ်းလာမည်ကိုလည်း အမေရိကန်စစ်တပ်အတွင်း စိုးရိမ်မှုများမြင့်တက်လာကြောင်းသိရှိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း ပေကျင်းသည်ထိုင်ဝမ်နှင့်ပြန်လည်ပေါင်းစည်းနိုင်ရန် ထင်ထားသည်ထက်စော၍ လုပ်လာနိုင်ကြောင်းပြောကြားခဲ့သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here