ဂျပန်၌ ဇန်နဝါရီလအတွင်း ကိုဗစ်ဖြင့်သေဆုံးမှု တစ်သောင်းကျော်

0
163

တိုကျို၊ဇန်နဝါရီ ၂၈

ဂျပန်နိုင်ငံ၌ ကိုဗစ်ကြောင့်သေဆုံးမှုသည် နောက်ထပ်  ၂၅၂ ဦး ရှိကြောင်း စနေနေ့ကသတင်းများအရ ဇန်နဝါရီလအတွင်း သေဆုံးသူဦးရေသည် ၁၀,၁၂၄ ဦးရှိလာကာ ပထမဆုံးအကြိမ်အနေဖြင့် တစ်လအတွင်း တစ်သောင်းအထက်ရောက်ရှိသွားခဲ့သည်ဟုသိရှိရသည်။

ကိုဗစ်ကူးစက်ခံရသူအရေအတွက် ပြန်တိုးလာချိန်နိုဝင်ဘာလကတည်းက နိုင်ငံတွင်း၌သေဆုံးမှုနှုန်းလည်း လျင်မြန်စွာပြန်တိုးလာခဲ့သည်။ဒီဇင်ဘာလတွင် သေဆုံးသူလူပေါင်း ၇,၆၀၀ ကျော်ရှိခဲ့ပြီး ထိုအချိန်ကအမြင့်ဆုံးဖြစ်ခဲ့သည်။

ခရိုင်အစိုးရများက ထုတ်ပြန်သောကိန်းဂဏန်းများအရ စနေနေ့တွင်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကူးစက်မှုအသစ်ပေါင်း ၅၄,၈၀၀ ခန့်ရှိခဲ့ပြီး ယင်းတို့အနက်ပြင်းထန်သူ ၅၃၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ကြေငြာခဲ့ပြီး သောကြာနေ့ထက်စာလျှင်ကူးစက်မှု ၂၄ ခုခန့်လျော့ကျသွားသည်ဟုဆိုသည်။

နေ့စဉ်ကူးစက်နှုန်းကမူ လလယ်ကတည်းကကျဆင်းနေကြောင်းသိရသည်။ဂျပန်သည်မေလမှစ၍ ကိုဗစ်အားသာမန် ရာသီတုပ်ကွေးရောဂါအဆင့်သို့ လျှော့ချတော့မည်ဖြစ်ပြီး နိုင်ငံ၏ လူမှုပတ်ဝန်းကျင်ပုံမှန်ပြန်ဖြစ်ရေးနှင့်စီးပွားရေးပြောင်းလဲမှုအတွက် အဓိကအရေးပါသော အရွေ့တစ်ခုဖြစ်လာမည်ဟုလည်းဆိုထားသည်။

Source : Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here