မလိခသဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေ စခန်းတွင် လုံခြုံစိတ်ချစွာ အပန်းဖြေလာရောက်နိုင်ရေးအတွက် စစ်ဆေးမှုများပြုလုပ်နေ

0
187

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင်အကောင်အထည်ဖော်ထားသည့် မလိခသဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေ စခန်းတွင် လုံခြုံစိတ်ချစွာ အပန်းဖြေလာရောက်နိုင်ရေးအတွက်  ယမန်နေ့ (ဇန်နဝါရီ ၂၈ ရက်) နံနက်ပိုင်းက စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ခရီးစဉ်ဒေသသစ်အဖြစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်‌နေ့တွင် အကောင်အထည်ဖော် စတင်ဖွင့်လှစ်‌ပေးခဲ့သည့် ဝိုင်းမော်မြို့နယ် နောင်တာလောကျေးရွာ ရေလယ်ကျွန်း မလိခသဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်းသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်ပြီး အပန်းဖြေ စခန်းအတွင်း အများပြည်သူအပန်းဖြေအနားယူနိုင်သည့် အားကစားဇုံ၊ အလှဓာတ်ပုံ ရိုက်ကူးသည့် နေရာများ၊ ရေကစားသည့်နေရာများ၊ အပန်းဖြေနေရာ၊ ရိုးရာအစားအ‌သောက်ဆိုင်ခန်းများ၊ နေဝင်ဆည်းဆာ အလှရှုခင်းကြည့်နေရာများကို ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။

ထို့နောက် ကမ်းခြေငယ်အပန်းဖြေစခန်းအား ဧရာဝတီမြစ်ရေ မြင့်တက်ချိန်တွင် ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ထားရှိ‌ရေး၊ အများပြည်သူ လုံခြုံစိတ်ချစွာ အပန်းဖြေလာရောက်နိုင်ရေး စီမံဆောင်ရွက်ထားရှိရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here