ထော်လာဂျီဖြင့်သယ်လာသည့် ငွေကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများအား ထားဝယ်မြို့တွင်ဖမ်းမိ

0
393

တနင်္သာရီတိုင်း၊ထားဝယ်မြို့တွင် ထော်လာဂျီဖြင့်သယ်လာသည့် ငွေကျပ် ၂၃၇၅ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားများအား ဇန်နဝါရီ ၂၇ ရက်နံ နက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၈ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် ထားဝယ်မြို့၊ဥသာရံတိုးချဲ့ရပ်ကွက်၊ကမ်းနားလမ်းတွင် ထော်လာဂျီတစ်စီးနှင့်အတူ စိုးအောင်(ခ)အိုအို(၂၅)နှစ်အားတွေ့ရှိရသဖြင့် စစ်ဆေးခဲ့ကြသည်။

ထော်လာဂျီပေါ်မှ ငွေကျပ် ၂၃၇၅ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၉၅၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

စစ်ဆေးချက်အရ နံနက် ၉ နာရီတွင် စိတ်ကြွဆေးပြားများနှင့်ပတ်သက်သည့် သန်းမျိုးထိုက်(ခ) မြိတ်ကြီး(၄၆)နှစ် နံနက် ၉ နာရီခွဲတွင် ဒေါ်မိုးသီ တာ(ခ)မမိုး(၄၄)နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်း ဆီးရမိသူ ၃ ဦးအား ထားဝယ်မြို့မရဲစခန်းက မူး ယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here