စက်ရုပ်လူသား နဲ့ စိတ်ရုပ်လူသား တို့၏အနာဂတ်

0
667

ဒီဗိုးရှန်းဆိုတဲ့အဓိပ္ပာယ်ကနှစ်စဉ်နှစ်တိုင်း ဆွစ်ဇာလန်နိုင်ငံဒီဗိုမြို့မှာကျင်းပတဲ့ကမ္ဘာ့စီးပွားရေးဖိုရမ်ကိုတက်ရောက်လာကြတဲ့စီးပွားရေး ခေါင်းဆောင်၊နိုင်ငံရေးသမားတွေပညာရှင်တွေ၊သြဇာတိက္ကမကြီးမားတဲ့သူတွေကိုညွှန်းဆိုတဲ့စကားလုံး ဖြစ်ပါတယ်။

ဒီ Davosians ဆိုတဲ့စကားလုံးကိုလက်ရှိလူသုံးများတဲ့ google မှာစာရိုက်ရှာလို့အလွယ်တကူမတွေ့နိုင်ပေမယ့်နိုဝင်ဘာလလောက်ကမှ စထွက်လာတဲ့Open AI ဝက်ဆိုက်ရဲ့ ChatGPT မှာရိုက်ထည့်ပြီး ရှာလိုက်တဲ့အခါအလွယ်တကူထွက်ကျ လာတာဖြစ်ပါတယ်။

အလိုအလျောက်ပြန်ဖြေပေးတဲ့AI ဆိုတဲ့ အဆင့်မြင့်ဉာဏ်တု AI (Artificial Intelligence)သုံးထားတာ ဖြစ်ပါတယ်။ကိုယ်လည်းခုမှစသုံးကြည့်တာဆိုတော့Google လောက်ကောင်းမကောင်းတော့မသိသေးပါ။

Google ကလည်း LaMDA ဆိုတဲ့ဟာလုပ်ဖို့ရှိတယ်ပြောပါတယ်။

ခုလူတွေအပြောများနေကြတဲ့ အဆင့်မြင့်ဉာဏ်တု AI (Artificial Intelligence)ဟာကိုယ်တွေစိတ်ထင် နှစ်တွေအတော်ကြာကြာမှဖြစ်လာအုန်းမယ်ထင်ခဲ့တာကမှားယွင်းမှု တစ်ခုဖြစ်ပြီးကမ္ဘာကြီးကို အင်တာနက်ပြန့်ဖို့အနှစ်၃၀လောက်ကြာတယ်၊

Cloud နည်းပညာနဲ့မိုဘိုင်းဖုန်းပြန့်ဖို့ ၁၅နှစ်လောက်ကြာတယ်ဆိုပေမဲ့ခု အဆင့်မြင့်ဉာဏ်တု နည်းပညာဟာတကယ့်လပိုင်းတွေအတွင်းမှာကိုပြန့်နှံ့ဖို့ရှိတယ်လို့ဆိုပါတယ်။

ကျနော်တို့ရဲ့ဘဝတွေအပေါ်မှာထင်ထားတာထက်ပိုတဲ့အရှိန်နဲ့လွှမ်းမိုး ချုပ်ကိုင် သွားကြတော့မယ်ဆိုပါတယ်။

အလောဂရစ်သမ်တွေ၊ဒါတာ အချက်လက်တွေကနေCloud ပေါ်မှာဆော့ဖ်ဝဲတွေကိုမိနစ်ပိုင်းတွင်းအလွယ်ရေးနိုင်တော့မှာဖြစ်ပါတယ်။ကျနော်တို့သုံးနေတဲ့ပစ္စည်းတွေဟာအရာရာကိုကြားနိုင်၊မြင်နိုင်၊ခံစားနိုင်ကြတော့မယ်လို့ဆိုပါတယ်။

ကိုယ့်ရဲ့မျက်မှန်ကနေကိုယ့်ရဲ့နားကြားကိရိယာကိုခင်ဗျားဘယ်သူလည်းဆိုတာမကြာခင်ပြောနိုင်တော့မှာဖြစ်ပါတယ်။

လူတွေအတော်များများမှာလက်ပါတ်နာရီလိုဟာမျိုးပတ်ထားခြင်းဒါမှမဟုတ် အသားထဲမှာချစ်ပ်ပြားထည့်ထားခြင်းအားဖြင့်နှလုံးခုန်နှုန်း၊သွေးနဲ့အစာအိမ်တွင်းဓာတုပစ္စည်းပါဝင်နှုန်းဦးနှောက်လှိုင်းတွေကိုတိုင်းတာတာတွေကိုတွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်တော့မှာဆိုတော့အဲ့ပစ္စည်းတွေရဲ့တိကျမှုကလည်းအရမ်းများတဲ့အတွက်ဘယ်သူကဘာရောဂါဖြစ်နေပြီ၊ဘယ်သူကတော့ဘာရောဂါနဲ့ ၃နှစ်အတွင်းသေမယ်ဆိုတာကိုခန့်မှန်းနိုင်တော့မှာ ဖြစ်ပါတယ်။

အဆင့်မြင့်ဉာဏ်တုတွေကလူဒေါက်တာတွေထက်တောင်ပိုတိတိကျကျရောဂါရှာဖွေနိုင်ကြတော့လာမဲ့ဆယ်စုနှစ်အတွင်းမှာဆရာဝန် အတော်များများကိုအစားထိုးအသုံးပြုလာမယ်လို့ဆိုကြပါတယ်။

ဆရာဝန်တွေအလုပ်ပြုတ်နိုင်ပေမယ့်လူနဲ့ထိတွေ့စောင့်ရှောက်ဖို့လိုနေသေးတော့သူနာပြုတွေကတော့ဆရာဝန်ထက်ပိုကြာကြာအလုပ်ရနေနိုင်ပါသေးတယ်။

ဒီနည်းပညာတွေကနေသတင်းရေးတာ

တီဗီမှာအစီစဉ်တင်ဆက်တာအစရှိသဖြင့်တွေကိုလည်းလွယ်လွယ်ကူကူလုပ်နိုင်နေပြီဖြစ်ပါတယ်။

နယ်ပယ်ပေါင်းစုံကိုနေရာဝင်ယူလာပြီး

လူတွေပင်ပင်ပန်းပန်းနဲ့ ရက်များစွာလုပ်ခဲ့ရတဲ့အလုပ်တွေဟာမိနစ်ပိုင်းလေး အတွင်းပြီးသွားနိုင်တဲ့နည်းပညာတွေရှာဖွေမှုအသစ်တွေတွေ့ရှိရမှာဆိုတော့လူတွေရဲ့ဘဝတွေဟာပိုမိုကောင်းမွန်တဲ့ဖက်ကိုရောက်ရှိသွားဖို့ရှိနေပါပြီ။

ဒီအဆင့်မြင့်နည်းပညာတွေကို

တလွဲအသုံးချမယ့်လူအချို့ရဲ့လက်ထဲကိုရောက်သွားခဲ့ရင်လည်းကျနော်တို့ လူသားတွေဟာမသူတော်တစ်စုထိန်းချုပ်ထားတဲ့စိက်ရုပ်လူသားတွေရဲ့

ကျွန်တွေပဲပြန်ဖြစ်လေမလားဆိုတာကတော့…..

တွေးစရာတစ်ခုလည်းဖြစ်ပါတယ်။

ခု​ရေးခဲ့အ​ကြောင်းအရာ​တွေက​တော့ တနေ့က The Age သတင်းစာပါဆောင်းပါး Global economic elite have a brave new AI world vision

ကနေအချက်လက်အချို့ကိုယူရေးထားတာဖြစ်ပါတယ်။

စက်ရုပ်လူသား နဲ့ နာမ်ရုပ်လူသား တို့တူလာကြ​တော့မယ်အခါမှာ သူတို့​တတွေရဲ့ကွဲပြားမူ ကဘာလဲ၊လူသားရဲ့တန်ဖိုးက ဘယ်​နေရာမှာ သာတာလဲ ဆိုတာ​မေးလာကြ​တော့မှာပါ။ကျ​နော်တ​ယောက်တည်း အမြင်နဲ့​ပြောရရင်​တော့ ကျင့်ဝတ် နီတိပိုင်းဆိုင်ရာကပဲ သူတို့ နှစ်​ယောက်ကို ကွဲပြား​စေနိုင်မယ်လို့ထင်ပါတယ်။

ဒါ​ကြောင့် စိတ်ခံစားမူ​တွေနူးညံ့သိမ်မွေ့ခြင်း၊​မေတ္တာတရားကိုအသုံးချတဲ့ ဗြဟ္မဝိဟာရ​နေခြင်းမျိုး​တွေကသာလျှင် စက်ရုပ်နဲ့ စိတ်ရုပ် တို့ကို ခွဲခြား​ပေး​တော့မှာဖြစ်လို့ အားလုံးပဲ ​မေတ္တာစျာန်သတိနဲ့ ဖြတ်သန်းရင်း ​နောက်ထပ် ပဋိသ​န္ဓေမ​နေရ​သောသူများဖြစ်နိုင်ကြပါ​စေဗျာ။

ChatGPT ကိုစစမ်းသုံးကြည့်လိုရင်တော့

ဒီဝက်ဘ်ဆိုက်မှာ Sign up လုပ်ပြီးစစမ်းသုံးကြည့်ကြပါခင်ဗျာ။

https://openai.com/
https://openai.com/blog/chatgpt/

ချစ်ကို(မဲလ်ဘုန်း)


LEAVE A REPLY

Please enter your comment!
Please enter your name here