ယနေ့ခေတ်တွင် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများကြား အပြန်အလှန်နားလည်မှုမြှင့်တင်ရန် အရေးကြီးလာ

0
171

မဲခေါင်၊ လန်ချန်းပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းဖြစ်သည့် National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students ဖွင့်ပွဲအား ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက မန္တလေးမြို့၌ကျင်းပခဲ့သည်။

တရုတ်၊ကမ္ဘောဒီးယား၊လာအို၊မြန်မာ၊ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့သည် မဲခေါင်မြစ်ကိုအမှီပြု၍ အတူတကွတည်ရှိ​နေကြသည့် ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည်။

National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းအား မန္တလေးမြို့၌ ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ကျင်းပလျက်ရှိပြီး ဒေသတွင်း အဖွဲ့ဝင် ၆ နိုင်ငံမှ တစ်နိုင်ငံလျင် ပန်းချီ၊ပန်းပု လူငယ်အနုပညာရှင် ၄ ဦးနှင့်ခေါင်းဆောင် ၁ ဦးတို့မှ နိုင်ငံအမှတ်အသား ပန်းချီ၊ပန်းပုအနုပညာလက်ရာများဖန်တီးခြင်းနှင့်မိမိတို့ဖန်တီးထားသော အနုပညာလက်ရာများ အကြောင်းတို့ကိုရှင်းလင်းဆွေးနွေးလျက်ရှိသည်။

ထိုဖွင့်ပွဲသို့တက်​ရောက်လာ​သောသာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးကိုကိုက မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများကြားရှိ လူမှုအသိုက်အဝန်းပိုမိုအားကောင်းလာစေရေးနှင့်ပတ်သက်၍ပြောကြားခဲ့​သေးသည်။

ယနေ့ခေတ်တွင် အဖွဲ့ဝင်နိုင်ငံများကြား၌ ဘာသာစကား၊ဓလေ့ထုံးတမ်းများ၊ရိုးရာယဉ်ကျေးမှုအနုပညာရပ်များကို ပွင်းလင်းမြင်သာမှုရှိစွာနှင့်လူမှုအသိုက်အဝန်းများ အားကောင်းလာစေရန်၊ယဉ်ကျေးမှုဖလှယ်ခြင်းနှင့်အပြန်အလှန်နားလည်မှုကိုမြှင့်တင်ရန် အရေးကြီးလာသည်ဟု ဦးကိုကိုကဆိုသည်။

ထို့ပြင် နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အချို့လက်မှုအနုပညာရပ်များသည် ပျောက်ကွယ်လုနီးပါးအခြေအနေနှင့်ရင်ဆိုင်နေရ​ကြောင်းပြောသည်။

ပျောက်ကွယ်လုနီးပါးအခြေအနေနှင့်ရင်ဆိုင်နေရသည့် လက်မှုအနုပညာရပ်များ မပျောက်ကွယ်စေရန် မဲခေါင်-လန်ချန်း ဒေသတွင်း အဖွဲ့ဝင် ၆ နိုင်ငံမှ ပန်းချီ၊ပန်းပုအနုပညာရှင်များနှင့် National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းအား ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here