မြန်မာ MoU အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားမည့် အမည်စာရင်းများပေးပို့ရန်အသိပေး

0
300

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်စေလွှတ်မည့် မြန်မာအလုပ်သမားများအတွက်နိုင်ငံကူးလက်မှတ်လျှောက်ထားရန် အမည်စာရင်းအားပေးပို့ရန် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)က ဇန်နဝါရီ ၂၅ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုပြီးအလုပ်ခေါ်စာဖြင့် အလုပ်သမားစေလွှတ်မည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများသို့အသိပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများသည် မိမိတို့စေလွှတ်မည့် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားရန် အလုပ်သမားများ၏ အမည်စာရင်းများအား MOEAF ထံပေးပို့ရမည်ဖြစ်သည်။

ထိုသို့ အမည်စာရင်းပေးပို့ရာ၌ ဇန်နဝါရီ ၂၆ ရက်နှင့် ၃၀ ရက်(ယနေ့)တို့တွင် နံနက် ၉ နာရီမှညနေ ၅ နာရီအထိ သတ်မှတ်ပုံစံများအတိုင်းဖြည့်စွက်၍ Pyidaungsu Font အသုံးပြုကာ Excel File ဖြင့် ပေးပို့ရမည်ဖြစ်သည်။

ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်လျှောက်ထားမည့် အမည်စာရင်းပေးပို့ရာ၌ ပြည်ထဲရေးဝန်ကြီးဌာနမှ Black List သွင်းထားသည့် အေဂျင်စီ ၁၃၃ ခုမပါဝင်ကြောင်း MOEAF ကအသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here