ရနောင်း ထိန်းသိမ်းရေးစခန်းမှ ထိန်းသိမ်းခံ မြန်မာရွှေ့ပြောင်းအလုပ်သမားများဆန္ဒပြ၊ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်း မြန်မာသို့ လွှဲပြောင်းပေးမည်

0
220

ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစခန်း (IDC) တွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသားများသည် ဇန်နဝါရီ ၂၈ ရက်က ဆန္ဒပြခဲ့ကြသည်။

ထို့ကြောင့် မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဉီးတင်အောင်သည် IDC မှ တာဝန်ရှိသူများ၊ ထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သားခေါင်းဆောင်များနှင့် ဇန်နဝါရီ ၂၉ ရက်တွင်သွားရောက်တွေ့ဆုံ၍ ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်နိုင်ခဲ့သည်ဟု ဘန်ကောက်မြို့ရဇိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ ဇန်နဝါရီ ၃၀ ရက်တွင် အသိပေးလာသည်။

ဆွေးနွေးညှိနှိုင်းချက်အရ ထိန်းသိမ်းခံထားရသူ ၆၀၀ ဉီးအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ၂၂၀ ဉီးကိုလည်းကောင်း၊ ဖေ‌ဖော်ဝါရီ ၈ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ကျန်ရှိသူများကိုလည်းကောင်း မြန်မာနိုင်ငံသို့ ပို့ဆောင်နိုင်ရေးအတွက် ကော့သောင်းမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကာလဖြစ်၍ ကန့်သတ်အရေအတွက်ဖြင့် လွှဲပြောင်းနေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ရာ ထိန်းသိမ်းခံထားရသည့် အလုပ်သမား ခေါင်းဆောင်များမှလည်း တာဝန်ရှိသူများ ကူညီဆောင်ရွက်မှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ဆန္ဒပြစာတမ်းများ ဖြုတ်သိမ်း၍ အေးချမ်းစွာ စောင့်ဆိုင်းမည်ဖြစ်ကြောင်း၊ စခန်းအတွင်း ကျန်ရှိသူများကိုလည်း အသိပေးပါမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာသံရုံး၊ ဘန်ကောက်မြို့အနေဖြင့် ထိုင်းနိုင်ငံတစ်ဝှမ်း၌ရှိသော မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ဖြစ်စဉ်များ၊ အကြောင်းကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီသိရှိရန် ခက်ခဲသဖြင့် သတင်းဉီးသိရှိသူများအနေဖြင့် မြန်မာသံရုံးသို့ တယ်လီဖုန်းမှတစ်ဆင့် အကြောင်းကြားပေးနိုင်ကြောင်း ကိုယ်ပိုင် Facebook Page များတွင်လည်းကောင်း၊ မီဒီယာများမှလည်းကောင်း တင်ပြပေးခြင်းအပေါ် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဝိုင်းဝန်းကူညီကြသူများ အားလုံးကို အသိအမှတ်ပြုကြောင်း ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here