အလွမ်းသီချင်း ကြိုက်တဲ့ ရေဒီယို ဒီဗီဒီထွက်အပြီး ပုဂံမှာ အလှူဒါနတွေ ပြုလုပ်ခဲ့တဲ့ ပိုပို

0
158

po

” အလွမ်းသီချင်းကြိုက်တဲ့ရေဒီယို” ဒီဗီဒီထွက်ရှိအပြီး ပုဂံက ရှေးဟောင်းစေတီတွေ ပြုပြင်မွမ်းမံဖို့ သွားရောက် လှူဒါန်းခဲ့တဲ့ပိုပိုက

” ပုဂံမှာ ငလျင်ဖြစ်ပြီးကတည်းက ပိုပို ပုဂံနဲ့ပတ်သက်ပြီး ဘာမှမလှူရသေးဘူး။ ကိုယ်တိုင်ကိုယ်ကျလှူချင်တာလည်းပါတယ်။ အဲဒီတော့ ပိုပို ဘယ်လိုလုပ်ရမလဲ စဉ်းစားပြီးတော့ ရန်ကုန်မှာ Free Show လုပ်လိုက်တယ်။ အဲဒီမှာ ပရိသတ်တွေကို အလှူခံတယ်။ အဲဒီအလှူငွေတွေနဲ့ သူငယ်ချင်းတွေဆီက အလှူခံလို့ရ တဲ့ငွေတွေနဲ့ ပိုပိုက သုံးသိန်းထပ်ထည့်တယ်။ အားလုံးပေါင်း ငွေကျပ်ဆယ်သိန်းတိတိ ပုဂံဘုရား တွေအတွက်သွားလှူပါတယ်” လို့ ပိုပိုက ပြောပါတယ်။ ပိုပို ကထိန်ခင်းဖြစ်သေးလားလို့ မေးတဲ့အခါမှာလည်း ” ကထိန်က တန်ဆောင်မုန်းလပြည့်နေ့အထိပဲ ခင်းလို့ရတာ ဆိုတော့ ပိုပိုတို့ လှူဖွယ်ပစ္စည်းတွေနဲ့ ထီး၊ ဖိနပ်၊ ဆေး၊ သင်္ကန်း အစုံလှူခဲ့ တယ်။ ဝတ္ထုငွေကျပ်တစ်သိန်းလှူခဲ့တယ်။ နောက်ပြီးတော့ ဘုရားတည်တဲ့အထဲကို သုံးသိန်းလှူခဲ့ပါတယ်။ ကထိန်နဲ့ပတ်သက်လို့ကတော့ အားလုံးပေါင်း ငါးသိန်း၊ ဘုရားတည်တဲ့အထဲကို သုံးသိန်း၊ ပြီးတော့ ပုဂံမှာ ငွေကျပ်ဆယ်သိန်းလှူခဲ့ပါတယ်။ ဒါတွေ အားလုံးကလည်း ပရိသတ်တွေ အားလုံးရဲ့ ပိုက်ဆံဖြစ်တဲ့အတွက် ပရိသတ်တွေရဲ့အလှူ ဖြစ်ပါတယ်” လို့ ပိုပိုက ပြောပြခဲ့ပါတယ်။

သတင်း၊ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here