ပြင်ဦးလွင်တွင် အမျိုးသား (၁) ဦး ဆိုင်ကယ်မှောက်ပြီး ရေမြောင်းထဲပြုတ်ကျကာ သေဆုံးမှုဖြစ်ပွား၊ မကြာသေးခင်ကမှ ဆိုင်ကယ်မှောက်ထားသူဖြစ်ဟုဆို

0
178

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မန္တလေး – လားရှိုးလမ်းမပေါ်ရှိ အမျိုးသား (၁) ဦး ဆိုင်ကယ်ဖြင့် ရေမြောင်းထဲကို ပြုတ်ကျကာ သေဆုံးနေမှု ယမန်နေ့ (‌ဇန်နဝါရီ ၂၉ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေမြောင်းထဲပြုတ်ကျသေဆုံးသူမှာ အသက် (၅၂) နှစ်အရွယ်ရှိအမျိုးသားတစ်ဦးဖြစ်ပြီး၊ ဦးခေါင်းအပါအဝင် ဒဏ်ရာအချို့ ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကို မနက် ၆ နာရီလောက်မှာ အကြောင်းကြားတယ်၊ ကျွန်တော်တို့ ရောက်တော့ တောင့်နေပြီ၊ မြောင်းဘေးအကာအရံတွေနဲ့ထိပြီး ဦးခေါင်း ချိုစောင်းပေါက်ပြဲတယ်၊ သွေးထွက်လွန်ပြီးသေသွားတယ်လို့ယူဆရပါတယ်၊ သူကပြီးခဲ့တဲ့ တစ်လလောက်ကလည်း ဆိုင်ကယ်မှောက်လို့ ဆေးရုံတက်ခဲ့ရသေးတယ်” ဟု တုသိတာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

ထို့ကြောင့် သေဆုံးရုပ်အလောင်းကို တုသိတာလူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here