မြန်မာ – တရုတ် နှစ်နိုင်ငံကုန်သွယ်ရေးမှ (၉)လကျော်ကာလအတွင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ကျော်ရရှိထား

0
271

၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် (၉)လတာအတွင်း မြန်မာ – တရုတ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ကုန်သွယ်မှုတန်ဖိုးများမှ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ လဝက်အထိ ရရှိခဲ့သည့် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၂၁၅ ၉.၄၁၂ သန်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်သွယ်မှုတန်ဖိုးများတွင် ပို့ကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၁၈၀၁.၅၀၁ သန်း၊ သွင်းကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၃၅၇.၉၁၁ သန်း ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာ – တရုတ် ကုန်သွယ်မှုလုပ်ငန်းများကို မူဆယ် ၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ ၊ ကျိုင်းတုံ စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့် ဆောင်ရွက်နေပြီး မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်များမှ နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်မှုမှာ ၉၀ ရာခိုင်နှုန်းဝန်းကျင် ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

မြန်မာ – တရုတ် ကုန်သွယ်မှုကဏ္ဍတွင် ပို့ကုန်အနေဖြင့် ဆန်၊ ဆန်ကွဲ ၊ ပြောင်း ၊ ပဲ၊ ဖရဲ ၊ သွား၊ ရေထွက်ကုန်ပစ္စည်းများ၊ ကြက်သွန်၊ ရာဘာ စသည်တို့ တင်ပို့နေပြီး သွင်းကုန်အနေဖြင့် လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ တင်သွင်းလျက်ရှိကြောင်း မူဆယ်နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

၂၀၂၂ – ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ် (၉) လကျော်အတွင်းမြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရရှိသည့် ကုန်သွယ်မှုတန်ဖိုးများမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၁၇၆၂.၀၅၁ သန်း၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၀၅.၇၃၅ သန်း၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၁၅.၆၀၃ သန်း ၊ ကန်ပိုက်တီစခန်းမှ အမေရိကန်ဒေါ်လာ ၆၆.၄၁၆ သန်းနှင့် ကျိုင်းတုံ ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၉.၆၀၇ သန်း ရရှိခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here