ယူကရိန်းအနေဖြင့်ယခုထက်ပိုသောလက်နက်များကို မြန်မြန်လိုအပ်ကြောင်းဇလန်းစကီးဆို

0
228

ကိဗ်၊ဇန်နဝါရီ ၃၀

ယူကရိန်းအရှေ့ပိုင်း ဒွန်တက်စ်ဒေသ၌ ရုရှားတပ်ဖွဲ့များ၏အဆက်မပြတ်တိုက်ခိုက်ခံနေရသည့် ခက်ခဲသောအခြေအနေကိုရင်ဆိုင်ရန် လက်နက်အသစ်များအား မြန်မြန်ဆန်ဆန်ပေးပို့ရန်လိုအပ်နေကြောင်း သမ္မတဇလန်းစကီးကပြောကြားခဲ့သည်။

“အခုအခြေအနေကအရမ်းခက်ခဲနေပါတယ်၊ဘက်ကမက်ထ်၊ဗယ်ဒါနဲ့ဒွန်တက်စ်ဒေသတွေမှာ ရုရှားတပ်တွေရဲ့တိုက်ခိုက်မှုတွေ ရှိနေပါတယ်၊ရုရှားတပ်တွေက ကျွန်တော်တို့ရဲ့ခံစစ်ကို ဖြတ်ကျော်ဖို့အဆက်မပြတ် ကြိုးစားနေကြပါတယ်” ဟုလည်း ဇလန်းစကီးကပြောကြားခဲ့သည်။

“ရုရှားကစစ်ကိုဆွဲဆန့်ပြီး ကျွန်တော်တို့တပ်တွေကို စစ်ပမ်းအောင်လုပ်ချင်နေတာပါ၊ဒါကြောင့် ယူကရိန်းအနေနဲ့လက်နက်တွေပိုလိုအပ်ပြီး မြန်မြန်စစ်ကိုဖြတ်နိုင်အောင်လုပ်ဖို့လိုပါတယ်” ဟုလည်းဆိုခဲ့သည်။

ဂျာမနီနှင့်အမေရိကတို့က ခေတ်မီတင့်ကားများပို့ရန်သဘောတူညီချက်ထုတ်ပြန်ပြီးနောက် ယူကရိန်းသမ္မတဇလန်းစကီး၏ ယခုလိုတောင်းဆိုချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

တင့်ကားအပြင်ယခုအချိန်၌ ဇလန်းစကီးကအကွာအဝေး ၃၀၀ ကီလိုမီတာထိပစ်နိုင်သည့် အမေရိကန်လုပ် ATACMS ဒုံးကျည်အားလိုအပ်သည်ဟုပြောကြားခဲ့ပြီး ဝါရှင်တန်ဘက်ကပေးပို့ရန်သဘောတူထားခြင်းမရှိသေးပေ။သို့သော်အဆိုပါဒုံးကျည်အားပေးသင့်မသင့်နှင့်ပတ်သက်၍ တိုင်ပင်နေကြောင်းလည်းသမ္မတအကြံပေးတစ်ဦးကပြောကြားခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here