နေတိုးအဖွဲ့အနေဖြင့် ရုရှားနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပြီဟု နေတိုး အရာရှိတစ်ဦးက ပြောလာ

0
391

မော်စကို၊ ဇန်နဝါရီလ ၂၉

ယူကရိန်းနိုင်ငံ၌ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသော ရုရှားနှင့် ထိပ်တိုက်ရင်ဆိုင်ရန်အတွက် မဟာမိတ်အဖွဲ့သည် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း နေတိုး စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဌ ရော့ဘ် ဘာဝါက ပေါ်တူဂီ ရုပ်မြင်သံကြားချန်နယ်ဖြစ်သည့် RTP နှင့် အင်တာဗျူးရာတွင် ပြောကြားခဲ့သည်။

ရုရှားနှင့် ပတ်သက်၍ အဆင်သင့်ဖြစ်နေပြီလားဟူသော မေးခွန်းတစ်ခုအား ဖြေကြားရာတွင် တော်ဝင်နယ်သာလန်ရေတပ်မှ ရေတပ်ဗိုလ်ချုပ်ကြီး ဘာဝါက ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီဟု ဖြေကြားလာခြင်းဖြစ်သည်။

သို့ရာတွင် ရုရှားက နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံကို ကျူးကျော်ဝင်ရောက်လာမှသာ နေတိုးဘက်က တုံ့ပြန်သွားမည်ဖြစ်ကြောင်း သူက ပြောခဲ့သည်။

ပူတင်၏ ဗျူဟာမြောက် ရည်မှန်းချက်များအရ ရုရှားသည် ယူကရိန်းသာမက အခြားသော အိမ်နီးချင်းနိုင်ငံများအထိပါ ကျူးကျော်လာနိုင်သောကြောင့် နေတိုးတပ်ဖွဲ့သည် လက်နက်ပြန်လည်တပ်ဆင်ရေးတွင် အာရုံစိုက်နေကြောင်း ဘာဝါက ပြောကြားခဲ့သည်။

ထို့ပြင် ယခုလက်ရှိတွင် ရုရှားသည် စစ်ဘက်ရေးရာ၌ အင်အားစိုက်ထုတ် အစပျိုးနေပြီ ဖြစ်သောကြောင့် နေတိုးဘက်က အဆင်သင့် ပြင်ဆင်ထားသင့်ကြောင်း ဘာဝါက အလေးပေး ပြောကြားခဲ့သည်။

Source:TASS


LEAVE A REPLY

Please enter your comment!
Please enter your name here