သရုပ်ဆောင် ဆောင်းဂျွန်ကီက ၎င်း၏ချစ်သူနှင့်လက်ထပ်ပြီးဖြစ်ကြောင်းကြေငြာကာ ဇနီးသည်၌ပထမရင်သွေးလေးလွယ်ထားရပြီဖြစ်ဟုဆို

0
282

ထိပ်တန်းကိုရီးယားသရုပ်ဆောင် ဆောင်းဂျွန်ကီသည် ၎င်း၏ချစ်သူဖြစ်သည့် အင်္ဂလန်နိုင်ငံသူကေတီလူးဝစ်ဆောင်ဒါစ်နှင့် လက်ထပ်ပြီးကြောင်းတရားဝင်ကြေငြာလိုက်ကာ ပထမဆုံးရင်သွေးလေးပါရတော့မည်ဟုလည်း ၎င်း၏ပရိသတ်များအားအသိပေးခဲ့သည်။

၎င်း၏‌စာ၌ ဂျွန်ကီက “မင်္ဂလာပါ ဒီနေ့မှာတော့ ကျွန်တော့်အတွက် ပျော်ရွှင်စရာကောင်းတဲ့ သတင်းတစ်ခုကိုပေးချင်ပါတယ်။အဲ့ဒါကတော့ ကျွန်တော့်ဇနီး ကေတီမှာရင်သွေးလေးရှိနေပြီဆိုတဲ့အကြောင်းပါ” ဟုရေးသားခဲ့သည်။

ထို့ပြင်၎င်းက “ကေတီကကျွန်တော့်ဘေးနားနေပြီး အကောင်းဆုံးဖြည့်ဆည်းထောက်ပံ့ပေးခဲ့တာမို့ ကျွန်တော့ဘဝရဲ့ ကျန်တဲ့အချိန်တွေကို သူနဲ့သာဖြတ်သန်းသွားမှာဖြစ်ကြောင်းလည်း ကတိပေးလိုပါတယ်” ဟုရေးသားခဲ့သည်။

ယင်းနောက်၎င်းတို့နှစ်ဦးအနေဖြင့် ပို‌မိုပျော်ရွှင်စရာကောင်းသော မိသားစုဘဝလေးကိုတည်ထောင်သွားမည်ဟုလည်း ကတိပြုခဲ့သေးသည်။၎င်းတို့နှစ်ဦးသည် ယနေ့ပင်လက်ထပ်လိုက်ကြခြင်းဖြစ်ပြီး တရားရုံး၌လက်မှတ်ထိုးပြီးအပြန်၌ ကြေငြာခဲ့ခြင်းလည်းဖြစ်သည်ဟုဆိုသည်။

ဆောင်းဂျွန်ကီသည် ကေတီနှင့်ချစ်သူတွေဖြစ်နေပြီဖြစ်ကြောင်းပြီးခဲ့သည့်ဒီဇင်ဘာလ (၇) ရက်နေ့က အတည်ပြုပြောကြားခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်နှစ်ဦးသား လက်ထပ်လိုက်ပြီဟု တရားဝင်ကြေငြာခဲ့ခြင်းလည်းဖြစ်သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here