မူဆယ်မြို့တွင် ငွေကျပ် ၃၂၃၇.၅ သိန်းတန်ဖိုးရှိ ဓာတုပစ္စည်းများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
232

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ငွေကျပ် ၃၂၃၇.၅ သိန်းတန်ဖိုးရှိ ဓာတုပစ္စည်းများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ ဇန်နဝါရီ ၃၀ ရက်တွင် သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရဇန်နဝါရီလ ၂၈ ရက် နေ့လည် ၁၂ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မူဆယ်မြို့၊ ၁၀၅ မိုင်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ကျန်းစူဆန့် မောင်းနှင်လာသည့် DAYUN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ Sodium Chloride အလေးချိန် ၂၃၀ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁.၅ သိန်း)၊ Potassium Chloride အလေးချိန် ၂၃၀ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၅၃၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

နောက်ဆက်တွဲ စစ်ဆေးဖော်ထုတ်ချက်အရ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ ရန်ပင့်ကျီ ၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ ခြံ၀င်းအတွင်းမှ စိတ်ကြွဆေးမှုန့်အလေးချိန် ၄၆၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၆ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆၅၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၅၀)တို့အား ထပ်မံ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ထို့ကြောင့် စုစုပေါင်း ငွေကျပ် ၃၂၃၇.၅ သိန်းတန်ဖိုးရှိ ဓာတုပစ္စည်းများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကျန်းစူဆန့်(၄၃)နှစ်နှင့် ရန်ပင့်ကျီ တို့အား မူဆယ်မြို့မရဲစခန်းတွင် ဥပဒေအရ အမှုများ ရေးဖွင့် အရေးယူထားကာ ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here