AI နည်းပညာအသုံးပြု၍ စမတ်ဖုန်းမှတစ်ဆင့် ကလေးငယ်များ၏ အကြားနှင့်အမြင်အာရုံ ချွတ်ယွင်းမှုကို စုံစမ်းရှာဖွေ

0
300

ဆွန်ယက်ဆင်တက္ကသိုလ် နှင့် ရှန်ဟိုင်းကျောင်းတုံတက္ကသိုလ်တို့မှ တရုတ်သိပ္ပံပညာရှင်များသည် ဉာဏ်ရည်တု(AI) နည်းပညာကိုအသုံးပြု၍ စမတ်ဖုန်းများမှတစ်ဆင့် ကလေးငယ်များအကြားအာရုံနှင့် အမြင်အာရုံချို့ယွင်းမှုကို စုံစမ်းရှာဖွေနိုင်ခဲ့ကြသည်။

အမြင်အာရုံချို့ယွင်းမှုသည် ကမ္ဘာတစ်ဝှမ်းရှိ ကလေးများတွင် ရေရှည်မသန်စွမ်းမှုဖြစ်စေသည့် အရေးအကြီးဆုံးအကြောင်းရင်းတစ်ခုဖြစ်သည်။သို့တိုင်အောင် ကလေးများသည် ပုံမှန်အမြင်စမ်းသပ်မှုများကို အကန့်အသတ်ဖြင့်သာ ပူးပေါင်းဆောင်ရွက်နိုင်သောကြောင့် ၎င်းတို့ကို စောစီးစွာ သိရှိနိုင်မှုသည် မကြာခဏ လွဲချော်နေလေ့ရှိသည်။

ယခုပေါ်ပေါက်လာသော ဉာဏ်ရည်တု AI နည်းပညာဖြင့် ထိန်းချုပ်သည့် စမတ်ဖုန်းအခြေပြု နက်ရှိုင်းစွာသင်ယူမှုစနစ် Apollo Infant Sight (AIS)ကမူ မျက်လုံးအမူအရာများနှင့် မျက်နှာအသွင်အပြင်များကို မှတ်တမ်းတင်ကာ ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ကလေးငယ် ၁၆ ဦး၏ အမြင်အာရုံချို့တဲ့မှုကို ခွဲခြားသိမြင်နိုင်စေခဲ့ကြောင်း ကြာသပတေးနေ့ထုတ် Nature Medicine ဂျာနယ်တွင် ဖော်ပြထားသည်။

AIS စနစ်သည် ယင်းအချက်များကို ခွဲခြမ်းစိတ်ဖြာသိရှိရန်အတွက် လေးနှစ်အောက် ကလေး ၃၆၅၂ ဦးမျက်နှာသွင်ပြင်နှင့် မျက်လုံးလှုပ်ရှားမှုများကို ရိုက်ကူးထားသည့် ဗီဒီယိုများကို စုဆောင်းကာ ဒီဇိုင်းထုတ်ထားကြောင်း သိရသည်။

စမတ်ဖုန်းများပေါ်တွင် AIS စနစ်ကိုအသုံးပြုခြင်းအားဖြင့် သာမန်မိဘများ သို့မဟုတ် ကလေးငယ်များကို ပြုစုစောင့်ရှောက်ပေးသူများသည် အရည်အသွေးမြင့် စစ်ဆေးသိရှိမှုကို ရရှိနိုင်ကြောင်း Nature Medicine ဂျာနယ်တွင် ရေးသားဖော်ပြထားသည်။

Ref: AI-based early detection of visual impairment on smartphone: study


LEAVE A REPLY

Please enter your comment!
Please enter your name here