ရေးမြို့နယ်တွင် ရေပိုက်ပြင်နေသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိမှုကြောင့် ထိခိုက်ဒဏ်ရာရ

0
297

မွန်ပြည်နယ်၊ ရေးမြို့တွင် ရေပိုက်ပြင်နေသည့် အမျိုးသားတစ်ဦး ယနေ့ (ဇန်နဝါရီ ၃၀ ရက်) နံနက်ပိုင်းက မိုင်းနင်းမိမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အသက် ၅၀ ကျော်အရွယ်အမျိုးသားတစ်ဦးသည် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်က ရေးမြို့နယ်၊ ဘေးကလွဲရွာအနီး ကြိုးတံတားချောင်းနား၌ ရေပိုက်ပြင်နေစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

” ဖြစ်စဉ်အသေးစိတ်တော့ မသိရသေးပါဘူး၊ ဘယ်အဖွဲ့အစည်းရဲ့မိုင်းလည်း မသိရပါဘူး၊ ကျွန်တော်တို့ကို ဖုန်းဆက်ခေါ်လို့ ကူညီပေးခဲ့တာပါ၊ ဆေးရုံအထိကူညီပို့ဆောင်ပေးခဲ့ပါတယ်” ဟု ရွှေဟင်္သာလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

မိုင်းနင်းမိမှုကြောင့် ပိုက်ပြင်အမျိုးသားသည် ခြေကျင်းဝတ်ပြတ်တောက်ဒဏ်ရာနှင့် မိုင်းစထိမှန် ဒဏ်ရာရခဲ့သည့်အတွက် လမိုင်းဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရပြီးနောက် မော်လမြိုင်မြို့ကုတင် ၃၀၀ ဆေးရုံသို့ ပြောင်းလဲ ကုသမှုခံယူခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ရွှေဟင်္သာလူမှုကူညီရေးအသင်း(မော့ကနင်)


LEAVE A REPLY

Please enter your comment!
Please enter your name here