​ကော့သောင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့်လှေပေါ်မှ လှေလုပ်သား ၉ ဦး ​အန္တရာယ်မှလွတ်​မြောက်

0
149

တနင်္သာရီတိုင်း၊ကော့သောင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ဇန်နဝါရီ ၂၉ ရက်ည ၆ နာရီ ၅၀ မိနစ်ခန့်က ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၃၄ မိုင်ခန့်တွင် “ရွှေနဒီ-၁၁၇”ကမ်းနီးငါးကဲ့လှေ ၁ စီးသည် ရေဝင်နစ်မြုပ်နေသည်ကို တပ်မတော်(ရေ)မှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ကယ်ဆယ်ခဲ့သည်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြပြီးလှေသား ၉ ဦးတို့အား တပ်မတော်ရေယာဉ်ပေါ်သို့ကယ်ဆယ်၍ လိုအပ်သည့်ကူညီမှုများနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

“ငါးဖမ်းကဲ့လှေမြုပ်တဲ့နားမှာက တခြားဒေသခံငါးဖမ်းလှေတွေလည်းရှိတော့ မြုပ်မြုပ်ခြင်းပဲ လှေပေါ်ကအလုပ်သမားတွေကို ကယ်ပေးခဲ့ကြတယ် ၉ ယောက်လုံးရဲ့ကျန်းမာရေးအခြေအနေကတော့ကောင်းတယ်၊ ထိခိုက်မိတာလည်းမရှိဘူးလို့သိရတယ်၊ ဘယ်လိုကြောင့် ငါးဖမ်းတဲ့လှေမြုပ်တယ်ဆိုတာကိုတော့ ကျွန်တော်တို့လည်းမသိဘူးဗျ”ဟု ကော့သောင်းမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

​ရေတပ်က အဝတ်အထည်နှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ လှေသားများအား သက် ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here