မြန်မာ့လက်ရွေးအသင်းနှင့် ဂျာမနီ နိုင်ငံသား နည်းပြ အန်တွမ်နီဟေး စာချုပ်ရပ်စဲ

0
132

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဂျာမနီ နိုင်ငံသား နည်းပြ အန်တွမ်နီဟေးနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) တို့သည် ဇန်နဝါရီ ၃၀ ရက် တွင် နှစ်ဖက် သဘောတူညီမှုဖြင့် စာချုပ်ရပ်စဲလိုက်ပြီဖြစ်ကြောင်း သိရသည်။

အန်တွမ်နီဟေးသည် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ခန့်အပ်ခံခဲ့ရပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ MFF နှင့် စာချုပ်ချုပ်ဆိုထားသူလည်းဖြစ်သည်။

အန်တွမ်နီဟေး နှင့်အတူ လက်ထောက်နည်းပြ ခီမေးလ်ဟာလက် ကိုလည်း စာချုပ်ဖျက်သိမ်းခဲ့ပြီး လာမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် သင့်တော်သည့် နည်းပြချုပ်နှင့် နည်းပြအဖွဲ့အား ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အန်တွမ်နီဟေးသည် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ၂၀၁၈ ခုနှစ် မေလမှ ဒီဇင်ဘာလအထိ ကိုင်တွယ်ခဲ့ပြီး ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည့်အတွက် ပြိုင်ပွဲအပြီးတွင် နှစ်ဦးသဘောတူ လမ်းခွဲခဲ့သည်။ ထို့နောက် ၂၀၁၉ အောက်တိုဘာတွင် ဒုတိယ အကြိမ်မြောက် မြန်မာ့လက်ရွေးစင် အသင်းအား ပြန်လည်တာဝန်ယူခဲ့သည်။

အန်တွမ်နီဟေး မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် တာ၀န်ယူနေစဉ်ကာလအတွင်း မြန်မာအသင်း၏ခြေစွမ်းသည် တိုးတက်ခဲ့ခြင်းမရှိခဲ့ပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here