ကြည့်မြင်တိုင်ဟစ်တိုင်လူမှုကူညီရေးအသင်း(ရန်ကုန်)၏ အသင်းဝင်တစ်ဦးပျောက်ဆုံးနေ

0
243

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၆ ရပ်ကွက်အခြေစိုက် ကြည့်မြင်တိုင်ဟစ်တိုင်လူမှုကူညီရေးအသင်း(ရန်ကုန်)၏ အသင်းဝင်တစ်ဦးဖြစ်သည့် မောင်ရှိုင်းထက်နိုင်(၂၀)နှစ်ပျောက်ဆုံးနေကြောင်း သိရသည်။

မောင်ရှိုင်းထက်နိုင်သည် ဇန်နဝါရီ ၂၉ ရက်မွန်းတည့် ၁၂ နာရီခန့်က နေအိမ်မှစက်ဘီးဖြင့်ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“သူအိမ်ကနေထွက်သွားတော့ အဝေးကိုသွားတဲ့ပုံစံမျိုးမဟုတ်ဘူး စက်ဘီးနဲ့သွားတာ ဖုန်းပါသွားတယ် သူ့အမျိုးသမီးကလည်း အရမ်းစိတ်ပူနေတယ် လတ်တလောအခြေအနေကိုစောင့်ကြည့်နေတယ် ရဲစခန်းကိုတော့အကြောင်းကြားထားပါတယ်”ဟု ကြည့်မြင်တိုင်ဟစ်တိုင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးထွန်းမြတ်ကပြောသည်။

မောင်ရှိုင်းထက်နိုင် ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေစုံစမ်းမှုများပြုလုပ်လျက်ရှိသော်လည်း လက်ရှိအချိန်(ဇန်နဝါရီ ၃၁ ရက်)အထိ ရှာဖွေတွေ့ရှိရခြင်းမရှိသေးကြောင်း သိရသည်။

ထို့ကြောင့် မောင်ရှိုင်းထက်နိုင်အား တွေ့ရှိသူများအနေဖြင့် ကြည့်မြင်တိုင်ဟစ်တိုင်လူမှုကူညီရေးအသင်း(ရန်ကုန်)၏တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးထွန်းမြတ် ဖုန်း ၀၉ ၄၂၀၇၃၄၄၅၅ သို့ဆက်သွယ်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ဇန်နဝါရီ ၁၅ ရက်နေ့လည် ၁ နာရီခန့်ကလည်း အမှတ်(၄)ရပ်ကွက် ရွှေပြည်သာအရန်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် မောင်ပြည့်ဘုဏ်မောင်(၁၈)နှစ်သည် ဘုရားသွားမည်ဟုပြောဆိုကာ အရန်မီးသတ်စခန်းမှထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here