သုံးနှစ်ဆက်တိုက် ကမ္ဘာ့ရောင်းအား အကောင်းဆုံး ကားကုမ္ပဏီ တိုယိုတာဖြစ်လာ

0
144

တိုကျို၊ ဇန်နဝါရီ ၃၀

တိုယိုတာ မော်တော်ယာဉ် ကော်ပိုရေးရှင်းသည် ၂၀၂၂ ခုနှစ်တွင် ကားအစီးရေ ၁၀ သန်းခွဲ ရောင်းချနိုင်ခဲ့ခြင်းဖြင့် သုံးနှစ်ဆက်တိုက် ကမ္ဘာ့ရောင်းအား အကောင်းဆုံး ကားကုမ္ပဏီ ဖြစ်လာကြောင်း ဇန်နဝါရီလ ၃၀ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ဟီနို ထရပ်ကားများနှင့် ဒိုင်းဟဆု ကဲ့သို့ ကားအသေးများ အပါအဝင် တိုယိုတာသည် ပြည်ပဈေးကွက်တွင် ကားအစီးရေ စံချိန်တင် ၈ ဒသမ ၆ သန်း ရောင်းထွက်ခဲ့ပြီး ပြည်တွင်းဈေးကွက်တွင်မူ ၁ ဒသမ ၉ သန်းအထိသာ ရောင်းချခဲ့ရသည်။

တိုယိုတာ၏ ပြိုင်ဘက်ဖြစ်သော ဒုတိယနေရာတွင် ရပ်တည်နေသည့် ဗော့ခ်ဆွယ်ဂန် အုပ်စုသည် တရုတ်တွင် ကိုဗစ်ပိတ်ဆို့မှုများနှင့် ယူကရိန်း အရေးခင်းတို့ကြောင့် ကုန်ကြမ်း ပြတ်တောက်ကာ ကားအစီးရေ ၈ ဒသမ ၃ သန်းဖြင့် ဆယ်စုနှစ်အတွင်း ရောင်းအား အနည်းဆုံးနှစ်ဖြစ်ခဲ့သည်ဟု ကြေညာလာခဲ့သည်။

တိုယိုတာသည်လည်း အချို့သော ချပ်စ်ကုန်ကြမ်းများနှင့် ပတ်သက်၍ ကန့်သတ်မှုများ ရှိခဲ့သော်လည်း အာရှတွင် ဝယ်လိုအားကောင်းလာခြင်း၊ ကားအစီးရေ ထုတ်လုပ်နှုန်း မြင့်တက်လာခြင်းနှင့် အာရှနှင့် မြောက်အမေရိကတွင် ကားအရည်အသွေး ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ခဲ့ခြင်းက ၂၀၂၂ ခုနှစ်တွင် ၎င်း၏ ကမ္ဘာ့ ကားထုတ်လုပ်မှုကို ၅ ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်ခဲ့သည်ဟု တိုယိုတာက ဆိုသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here