​အောင်ပလ္လင်သာတွင်ဘုရားရှင်ကြွ​တော်မူပြီ

0
273

နေပြည်တော်တွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဇန်နဝါရီ ၃၁ ရက်(ယနေ့) နံနက် ၈ နာရီ ၁ မိနစ်က ရတနာပလ္လင်တော်ထက်သို့ ​အောင်မြင်စွာပင့်​ဆောင်တော်မူနိုင်ခဲ့ပြီဖြစ်၍ တိုင်း​တော်ပြည်​တော် စည်​တော်တီး၍ ​အောင်ပွဲမင်္ဂလာ ဗုဒ္ဓအဘိ​သေက ဆင်နွဲရ​တော့မည်ဖြစ်သည်။

တွဲဆက်ထား​သော ပင့်ထောင်ပြီးဖြစ်သည့် ဆင်းတုတော်အစိတ်အပိုင်း (၁/၂/၃)တို့အား ရတနာပလ္လင်တော်ထက်သို့ ဇန်နဝါရီ ၃၀ ရက်ည ၁ နာရီ ၃၅ မိနစ်မှစတင်၍ ပင့်ဆောင်​နေခဲ့ခြင်းဖြစ်သည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁/၂/၃)တို့အား

ဇန်နဝါရီ ၂၆ ရက်နံနက် ၈ နာရီ ၁၀ မိနစ်မှစတင်၍ သံမဏိမျှော်စင်ဝန်ချီစက်အသုံးပြု၍ပင့်ထောင်ခဲ့ရာ ၂၆ ဒီဂရီသို့ ပင့်ထောင်နိုင်ခဲ့သည်။

ဇန်နဝါရီ ၂၇ ရက်တွင်လည်း ၂၆ ဒီဂရီမှ ၅၁ ဒီဂရီအထိ

ဇန်နဝါရီ ၂၈ ရက်တွင် ၅၁ ဒီဂရီမှ ၆၈ ဒီဂရီ၊

ဇန်နဝါရီ ၂၉ ရက်နံနက် ၉ နာရီတွင် ၉၀ ဒီဂရီအထိ ပင့်ထောင်ခဲ့ရာ ကြာမြင့်ချိန် ၇၂ နာရီ ၅၀ မိနစ်ကြာမြင့်ခဲ့သည်။ 

ထိုသို့ ပင့်ထောင်ပြီးနောက် ဇန်နဝါရီ ၂၉ ရက်ည ၁၁ နာရီ ၁၆ မိနစ်မှစတင်ကာ မာရဝိဇယဗုဒ္ဓရုပ် ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ပင့်ဆောင်ရာ ဇန်နဝါရီ ၃၀ ရက်နံနက် ၁၀ နာရီ ၁၇ မိနစ်ခန့်တွင် ရတနာပလ္လင်တော်အနီးအထိ ပင့်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပင့်ဆောင်ခဲ့သည့်အကွာအဝေးမှာ ၈၁ ပေ ဖြစ်ပြီး ၁၁ နာရီ ၁ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

မြတ်စွာဘုရားတည်းဟူ​သော ပုဂ္ဂိုလ်မြတ်တစ်ဆူပွင့်​တော်မူပါက အထူးဝိ​သေသအရာဌာန ၁၂ပါး ဖြစ်​ပေါ်လာသည်။ထိုအရာသည် ဖိုလ်​လေးပါး၌ယှဥ်​သောပညာတရားပင်ဖြစ်သည်။ ထိုသို့​ကျေးဇူးကြီးလှ​သော မြတ်စွာဘုရားရှင်၏ရုပ်ပွား​တော် တစ်ဆူပူ​ဇော်ရမည့်အချိန်များနီးကပ်လာပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here