ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊အမှတ် ၉၄ ရပ်ကွက်ရှိ ယုဇနဥယျာဥ်မြို့တော်တွင် ဇန်နဝါရီ ၃၁ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့နံနက် ၉ နာရီ ၅ မိနစ်ခန့်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊အမှတ်(၉၄)ရပ်ကွက်၊ယုဇနဥယျာဥ်မြို့တော်ရှိ အမှတ်(၃၇/၃၀၄)ရှိ ၄ ခန်းတွဲ၊ ၅ ထပ်တိုက်၏ ၄ ထပ်မြောက်ညာဘက်အခန်းတွင် Air Con Safeguard အပူလွန်ကဲရာမှ မီးပွားကျပြီး အောက်ရှိမွေ့ယာပေါ်သို့ မီးကူးစက်ရာမှ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
ဖြစ်စဥ်အား မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကား ၂ စီး၊ရေသယ်ကား ၁ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြ၍ နံနက် ၉ နာရီ ၁၀ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းက (ပ)၃၁/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။