တရုတ်နှင့်ရုရှားတို့၏ခြိမ်းခြောက်မှုများကို အခိုင်အမာပူးပေါင်းတုံ့ပြန်ရန် ဂျပန်နှင့်နေတိုးတို့ကတိပြု

0
133

တိုကျို၊ဇန်နဝါရီ ၃၁

ယူကရိန်း၌ တရုတ်၊မြောက်ကိုရီးယားနှင့်ရုရှားတို့၏ ခြိမ်းခြောက်မှုများခံနေရချိန်တွင် ဂျပန်နှင့်နေတိုးအဖွဲ့တို့အနေဖြင့် စည်းလုံးညီညွတ်ပြီး ခိုင်မာစွာရှိနေရမည်ဖြစ်ကြောင်း Jens Stoltenberg ကပြောကြားခဲ့သည်။

ဒီမိုကရက်တစ်မဟာမိတ်များနှင့် ဆက်ဆံရေးမြှင့်တင်ရန်ရည်ရွယ်လျက် Stoltenberg ၏ အာရှခရီးစဉ်၌ ဂျပန်ဝန်ကြီးချုပ်ဖူကီရိုကီရှီဒါနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“ဒီကနေ့ ဥရောပမှာဖြစ်နေတာတွေက မနက်ဖြန်လည်း အရှေ့အာရှမှာဖြစ်လာနိုင်ပါတယ်၊ဒါကြောင့်ကျွန်တော်တို့အနေနဲ့ လွတ်လပ်မှုနဲ့ဒီမိုကရေစီအတွက် အတူတကွရပ်တည်ပြီး စည်းလုံးညီညွတ်ခိုင်မြဲနေဖို့လိုပါတယ်” ဟု၎င်းကဆိုသည်။

Stoltenberg နှင့်ကီရှီဒါတို့သည် တရုတ်နှင့်ရုရှားတို့၏ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာနိုင်သဖြင့် စိုးရိမ်ပူပန်မှုများရှိနေကြသည်။ယင်းအပြင်မြောက်ကိုရီးယား၏ နျူလှုပ်ရှားမှုနှင့်ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများအပါအဝင် မြောက်ကိုရီးယား၏ရန်စမှုများနှင့်ပတ်သက်၍လည်း စိုးရိမ်မိကြောင်းပြောကြားခဲ့ကြသည်။

ယင်းနောက် မစ္စတာ Stoltenberg က တရုတ်နိုင်ငံသည် ရန်သူမဟုတ်သော်လည်း
အာရှ၌တရုတ်၏အင်အားကြီးမားလာမှုနှင့်အတူ အိမ်နီးချင်းများနှင့်ထိုင်ဝမ်အပေါ်အနိုင်ကျင့်မှုများကိုမူ လျစ်လျူရှုထား၍မရကြောင်းနှင့် နေတိုးနှင့်ယူကရိန်းတို့အကြောင်း မဟုတ်မမှန်သတင်းလွှင့်ခြင်းများကိုလည်း တားဆီးရမည်ဟုဆိုခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်ကလည်း နေတိုးနှင့်ဆက်ဆံရေးပိုမိုခိုင်မြဲစေရန် ကိုယ်စားလှယ်ရုံးကိုလည်းဖွင့်လှစ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here