ပါကစ္စတန်လှေတိမ်းမှောက်မှုကြောင့်သေဆုံးသူ ၅၁ ဦးအထိရှိလာပြီဖြစ်

0
195

ပက်ရှဝါ၊ဇန်နဝါရီ ၃၁

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းတွင် ဝန်ပိုတင်မှုကြောင့် လှေနစ်မြုပ်ခဲ့ရာမှ ကလေးငယ် လေးဆယ့်ကိုးဦးသေဆုံးခဲ့ကြောင်းသိရှိရသည်။သေဆုံးသူများထဲတွင် အများစုမှာ အသက် ၇ နှစ်မှ ၁၄ နှစ်အတွင်းအရွယ်များဖြစ်ကြပြီး Tanda ဆည်သို့ ခရီးတိုထွက်လာခြင်းဖြစ်ကြောင်းလည်းသိရသည်။

အေးခဲနေသည့်ရာသီဥတုကြောင့် ဆည်ရေများခဲလုဆဲဆဲဖြစ်နေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုအတားအဆီးဖြစ်စေခဲ့ပြီး ယနေ့မှကျန်ရှိသောရုပ်အလောင်းများကို သယ်ယူနိုင်ခဲ့ကြောင်းလည်းပြောကြားခဲ့သည်။

ယင်းနောက် ဆရာမတစ်ဦးနှင့်လှေမောင်းသူတစ်ဦးတို့၏ ရုပ်အလောင်းများကိုထပ်မံဆယ်ယူရရှိခဲ့သဖြင့် စုစုပေါင်းသေဆုံးသူ ၅၁ ဦးအထိဖြစ်လာခဲ့သည်။ယခုအချိန်၌ကယ်ဆယ်ရေးလုပ်ငန်းများအား ရပ်နားလိုက်ပြီဖြစ်ကာ စုစုပေါင်းသေဆုံးသူ ၅၁ ဦးရှိကြောင်း တရားဝင်ထုတ်ပြန်ကြေငြာခဲ့သည်။

အသက်ရှင်ကျန်ရစ်သူ ငါးဦးကိုလည်းကယ်ထားနိုင်ပြီး ကျောင်းသားလေးဦးနှင့်ဆရာမတစ်ဦးတို့ အသက်ရှင်ကြောင်းလည်းသိရှိခဲ့ရသည်။အဆိုပါလှေတိမ်းမှောက်မှုဖြစ်ပွားသည့်နေ့၌ပင် ဘက်စ်ကားတိမ်းမှောက်မှုလည်းဖြစ်ပွားခဲ့ကာ စုစုပေါင်းလူ ၄၁ ဦးသေဆုံးခဲ့မှုလည်းဖြစ်ခဲ့သေးသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here