ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၏ ဆွမ်းရက်ယူထားသူများ ပြန်လည်ဆက်သွယ်ပေးရန်ပန်ကြား

0
270

ရှမ်းပြည်နယ်၊တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၏ ဆွမ်းရက်ယူထားသူများအား အမြန်ပြန်လည်ဆက်သွယ်ပေးရန် ဆွမ်းစားကျောင်းဆရာတော်မှ ဖေဖော်ဝါရီ ၁ ရက်(ယနေ့)တွင် မေတ္တာရပ်ခံပန်ကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၏ ဆွမ်းရက်ယူထားသူများသည် မိမိတို့ဆွမ်းရက်ယူထားသည့် နေ့ရက်များအား(အထူးသဖြင့် ဖေဖော်ဝါရီလအတွင်း)ဆွမ်းရက်ယူထားသူများအနေဖြင့် ဆွမ်း စားကျောင်းဆရာတော်၏ ဖုန်း ၀၉ ၄၀၇၉၉၉၉၀၉ သို့ အမြန်ပြန်လည်ဆက်သွယ်ပေးရန် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

အလှုရှင်စာရင်းမှတ်ထားသည့်ကွန်ပျူတာမှာ ရုတ်တရက်ပျက်စီးသွားခဲ့သဖြင့် မှတ်ထားသည့် ဆွမ်းအလှူများစာရင်းများအား လုံးပျက်စီးသွား၍ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here