၂၀၂၃ ခုနှစ် MNL လိဂ်ပြိုင်ပွဲအား ဖေဖော်ဝါရီ ၂၁ ရက်တွင်ကျင်းပမည် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း အား/ကာသိပ္ပံအသင်းနှင့်စတင်ယှဥ်ပြိုင်ရမည်

0
113

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ၏ ၂၀၂၃ ခုနှစ် မြန်မာနေရှင်နယ်လိဂ်-၁ အမှတ်ပေးဘောလုံးပြိုင်ပွဲအား ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် မြန်မာနေရှင်နယ်လိဂ်-၁ အမှတ်ပေးဘောလုံးပြိုင်ပွဲ၌ ရှမ်းယူနိုက်တက်၊ရန်ကုန်ယူနိုက်တက်၊ဟံသာဝတီယူနိုက်တက်၊မြဝတီ၊ဧရာဝတီယူနိုက်တက်၊ရတနာပုံ၊အား/ကာသိပ္ပံ၊မဟာယူနိုက်တက်၊ GFA၊ ရခိုင်ယူနိုက်တက်၊ဒဂုံစတားယူနိုက်တက်နှင့်ကချင်ယူနိုက်တက် အသင်းတို့ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၂၁ ရက်၌ စတင်ကျင်းပမည့် ပွဲစဥ်-၁ ၌ လက်ရှိ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် အားကာ/သိပ္ပံအသင်းနှင့် စတင်ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

ထို့ပြင် ဒဂုံစတားယူနိုက်တက်နှင့်ဧရာဝတီယူနိုက်တက်၊ မဟာယူနိုက်တက်နှင့်ရခိုင်ယူနိုက်တက်၊ ရတာပုံနှင့်ကချင်ယူနိုက်တက်၊ မြဝတီနှင့်ဟံသာဝတီယူနိုက်တက်၊ GFA နှင့်ရန်ကုန်ယူနိုက်တက်တို့လည်း အသီးသီးယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲများအား ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းနှင့်ရန်ကုန်ယူနိုက်တက်မြက်ခင်းတု(YUSC)ကွင်းတို့၌ ကျင်းပသွားမည်ဖြစ်ကာ သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲစဥ်များအား ညနေ ၄ နာရီ၊ YUSC ကွင်း၌ ကျင်းပသည့်ပွဲစဥ်များအား နေ့လည် ၃ နာရီခွဲတို့၌ ကျင်းပသွားမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် မြန်မာနေရှင်နယ်လိဂ်-၁ အမှတ်ပေးဘောလုံးပြိုင်ပွဲများအား ဖေဖော်ဝါရီ ၂၁ ရက်မှ အောက်တိုဘာ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here