ဖိလစ်ပိုင်သမ္မတမားကို့စ် လာမည့်အပတ်တွင်ဂျပန်သို့ အလုပ်သဘောဆွေးနွေးရေးသွားရောက်မည်

0
136

မနီလာ၊ဖေဖော်ဝါရီ ၁

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာသည် လာမည့်အပတ်တွင် ဂျပန်သို့အလုပ်သဘောဆွေးနွေးရေးအတွက် သွားရောက်မည်ဖြစ်ပြီး နိုင်ငံများ၏ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး အားကောင်းလာစေရန်ရည်ရွယ်သည့်ခရီးဖြစ်သည်ဟုဆိုသည်။

ဖေဖော်ဝါရီ ၈ ရက်မှ ၁၂ ရက်အထိ အဆိုပါခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါနှင့်သာမက ဂျပန်ဧကရာဇ် နာရုဟိတိုတို့နှင့်ပါတွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။

ယခုခရီးစဉ်သည် ဂျပန် – ဖိလစ်ပိုင်တို့၏ ကဏ္ဍပေါင်းစုံရှိ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးနှင့် ကာကွယ်ရေး၊လုံခြုံရေး၊နိုင်ငံရေး၊စီးပွားရေးနှင့်ပြည်သူအချင်းချင်း ဆက်ဆံရေးတိုးတက်စေရန်လည်းရည်ရွယ်သည်ဟု အာရှနှင့်ပစိဖိတ်ရေးရာနိုင်ငံခြားရေးဌာနမှ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Neal Imperial က ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များအားပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း အခြေခံအဆောက်အဦ၊ ကာကွယ်ရေး၊စိုက်ပျိုးရေး၊သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာတို့ စသည့်အချက်များပါဝင်သော နယ်ပယ်များ၌ သဘောတူညီချက်လက်မှတ်ရေးထိုးရန် မျှော်လင့်ထားကြောင်းပြောကြားခဲ့သည်။ 

ဒေါ်လာ ၃ ဘီလျံတန်ဖိုးရှိ ချေးငွေစာချုပ်အချို့ကိုလည်း လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်ဟုဆိုသည်။ထို့ပြင် နယ်ပယ်အသီးသီး၌ စီးပွားရေးသဘောတူညီချက်များကို လက်မှတ်ရေးထိုးရန်လည်း မျှော်မှန်းထားသည်ဟုပြောကြားခဲ့သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here