ယူကရိန်းလက်နက်တောင်းဆိုမှုအတွက် သမ္မတဇလန်းစကီးနှင့်ဆွေးနွေးဦးမည်ဟု သမ္မတဘိုင်ဒင်ပြောကြား

0
197

ဝါရှင်တန်၊ဖေဖော်ဝါရီ ၁

ရုရှားကိုပြန်လည်ခုခံရန် ယူကရိန်း၏အဆင့်မြင့်လက်နက်တောင်းဆိုမှုအတွက် သမ္မတဇလန်းစကီးနှင့်တွေ့ဆုံဆွေးနွေးဦးမည်ဟု ကန်သမ္မတဂျိုးဘိုင်ဒင်က ဇန်နဝါရီလ ၃၁ ရက်နေ့ကပြောကြားခဲ့သည်။

အိမ်ဖြူတော်၌ သတင်းထောက်များကယူကရိန်းသို့ F – 16 တိုက်လေယာဉ်များ စေလွှတ်မည်လားဟုမေးသောအခါ သမ္မတဘိုင်ဒင်က တိုက်လေယာဉ်များ ပေးရန်မဖြစ်နိုင်ကြောင်းပြောကြားခဲ့ပြီးနောက် ယခုလိုညှိနှိုင်းဆွေးနွေးရေးသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားကျူးကျော်စစ် တစ်နှစ်နီးပါးကာလအတွင်း၌ အနောက်အုပ်စုများ၏လက်နက်ပေးပို့မှုများအတွင်း အမေရိကသည် ယူကရိန်းအားအဓိကလက်နက်ထောက်ပံ့သူတစ်ဦးဖြစ်လာခဲ့သည်။မကြာသေးမီအချိန်ကပင် အမေရိကနှင့်ဂျာမနီတို့သည် ယူကရိန်းသို့တင့်ကားများထောက်ပံ့ရန် သဘောတူညီခဲ့ကြသည်။

ယင်းနောက် ယူကရိန်းက တိုက်လေယာဉ်များပါကူညီပေးရန်လည်း ထပ်မံတောင်းဆိုလာသဖြင့် ယခုကဲ့သို့ ဆွေးနွေးဦးမည့်အကြောင်းကို သမ္မတဘိုင်ဒင်ကပြောကြားခဲ့ခြင်းဖြစ်သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here