ဒုဝန်ကြီးချုပ် ၅ပါးဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်း

0
626

နစက မှ နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် ခေတ်မီဖွံဖြိုးတိုးတက်ပြီး စစ်မှန်၍စည်းကမ်းပြည့်ဝသော နိုင်ငံတော်ဖြစ်ထွန်းရေးကို ရည်မှန်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းခဲ့သည်ဟု ဖေဖော်ဝါရီ ၁ ရက်ကထုတ်ပြန်ခဲ့သည်။

ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဝန်ကြီး ချုပ် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဒု-ဝန်ကြီးချုပ်တို့အဖြစ် တာဝန်ယူခဲ့သည်။

ထို့ပြင် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအစိုး ရအဖွဲ့၌ ပူးတွဲ ဒု-ဝန်ကြီးချုပ်များအဖြစ် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းနှင့်ဦးဝင်းရှိန်တို့အား တာဝန်ပေးအပ်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသန်းဆွေ၊ စိုက်ပျိုးရေး၊မွေးမူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမင်းနောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာ န၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမျိုးသန့်၊ ဟို တယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ပြည် ထောင်စုဝန်ကြီးအဖြစ် ဦးအောင်သော်နှင့် တိုင်း ရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ပြည် ထောင်စုဝန်ကြီးအဖြစ် Jeng Phang နော်တောင်တို့အား အသစ်ခန့်အပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here