နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့အားဖွဲ့စည်း

0
427

ယခင်က ဖွဲ့စည်းထား​သော နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ ဥက္ကဌ၏အကြံ​ပေးအဖွဲ့ သည် ပြုပြင်​ပြောင်းလဲခြင်းမရှိဘဲ ယခုတွင် ​ကောင်စီ၏ ဗဟိုအကြံ​ပေးအဖွဲ့ဟူ၍ သီးခြား ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့အား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ်(၇/၂၀၂၃)ဖြင့် ဖွဲ့စည်းခဲ့သည်ဟု ဖေဖော်ဝါရီ ၁ ရက်ကထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့အား အဖွဲ့ခေါင်းဆောင်အဖြစ် ဦးစောထွန်းအောင်မြင့်မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ ၄င်းသည် တိုင်းရင်းသား​လူမျိုးများရေးရာဝန်ကြီးဌာနတွင် ပြည်​ထောင်စုဝန်ကြီး တာဝန်ထမ်း​ဆောင်ခဲ့သူဖြစ်သည်

ဦးသိန်းညွှန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနှင့်ဒေါက်တာမောင်မောင်နိုင်တို့သည်လည်းဗဟိုအကြံပေးအဖွဲ့၏ အဖွဲ့ဝင်များအဖြစ်ပါဝင်ကြောင်း သိရသည်။ ၄င်းတို့အများစုသည် နစကကောင်စီဝင်​ဟောင်းများဖြစ်ကြသည်။

ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းခြင်းအား နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here