တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်အသစ်များ၊ ဒုဝန်ကြီးအသစ်များ ပြောင်းလဲခန့်အပ်

0
611

နစက မှ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်အသစ်များအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ် ၁၀/၂၀၂၃ ဖြင့် ပြောင်းလဲခန့်အပ်ခဲ့သည်။

မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ဦးမျိုးအောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးအောင်ကြည်သိန်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးထိန်လင်းနှင့်ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးအောင်ဇော်အေးတို့အား ခန့်အပ်ခဲ့သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ် ၁၁/၂၀၂၃ ဖြင့် လျှပ်စစ်စွမ်းအားဝန် ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျအား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်းအား ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အဖွဲ့ဝင်များအဖြစ် ဖေဖော်ဝါရီ ၁ ရက်က ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here