ပထမအကြိမ် အာဆီယံ-မော်စကို ကော်မတီအစည်းအဝေး(၂၀၂၃)သို့ မြန်မာသံအမတ်ကြီးဦးလွင်ဦးတက်ရောက်

0
273

ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအမတ်ကြီးဦးလွင်ဦးသည် ဖေဖော်ဝါရီ ၁ ရက်နံနက်ပိုင်းက ကျင်းပသည့် အာဆီယံ-မော်စကို ကော်မတီအစည်းအဝေး(၂၀၂၃)သို့တက်ရောက်ခဲ့သည်။

အာဆီယံ-မော်စကိုကော်မတီအစည်းအဝေး (၂၀၂၃)အား ယခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် ရုရှားနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးက ဗီဒီယိုကွန့်ဖရန့်စနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်သွားရန်လျာထားသည့် ကော်မတီ၏ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ အာဆီယံ-မော်စကို ကော်မတီအဖွဲ့၀င်များဖြစ်သည့် မော်စကိုမြို့အခြေစိုက် အာဆီယံအဖွဲ့၀င်နိုင်ငံများမှ သံအမတ်ကြီးများနှင့်သံရုံးယာယီတာ၀န်ခံများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here