သန်လျင်မြို့နယ်တွင် Faw ကားက Hijet ကားကိုတိုက်ပြီးမောင်းပြေး ၂ ဦးဒဏ်ရာရ

0
363

ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်ရှိ ခြောက်လမ်းသွားလမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီ ၂ ရက် (ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေရောင်တွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၈ နာရီခွဲခန့်က သန်လျင်မြို့နယ်၊ခြောက်လမ်းသွားလမ်းမကြီး၏ အုတ်ဖိုစုကျေးရွာအနီးတွင် Faw ကားမှ Hijet ကားအားတိုက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“တိုက်ပြီးမောင်းပြေးတဲ့ကားက Faw ကားအဖြူရောင်လို့သိရပါတယ် တာဝန်ရှိတဲ့လူတွေက တိုက်ပြေးသွားတဲ့ကားကို စုံစမ်းနေပါတယ်”ဟု ရွှေရောင်တွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်း၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးအောင်ကပြောသည်။

ဖြစ်စဥ်တွင် Hijet ကားပေါ်မှ အမျိုးသား ၂ ဦးမှာ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် (M.A.N)သွေးလှုရှင်နှင့်အရေးပေါ်လူနာတင်ယာဥ်အဖွဲ့မှ သန်လျင်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဒဏ်ရာရတဲ့ ၂ ယောက်လုံးကစိုးရိမ်စရာမရှိပါဘူး တစ်ယောက်ကတော့ ပေါင်မလှုပ်နိုင်ဘူး တစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာရတာနည်းတယ် မြေပြင်အရေးပေါ်ကုသပေးပြီး သန်လျင်ဆေးရုံကိုပို့ပေးခဲ့ပါတယ်”ဟု ရွှေရောင်တွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်း၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးအောင်ကပြောသည်။

Photo-ရွှေရောင်တွဲလက်


LEAVE A REPLY

Please enter your comment!
Please enter your name here