နေပြည်တော်ရှိ စျေး ၃ ခု၌ ယာယီပိတ်သိမ်းထားသည့် ဆိုင်ခန်း ၅၅ ခန်းအား ဆိုင်ခန်းအဌားချထားရာမှပြန်လည်သိမ်းယူမည်

0
430

နေပြည်တော်စည်ပင်၊စျေးများဌာနကွပ်ကဲမှုအောက်ရှိ ပုဗ္ဗသီရိဈေး၊အောင်ဇမ္ဗူဈေးနှင့်ဒက္ခိဏသီရိဈေးတို့တွင် ယာယီပိတ်သိမ်းထားသည့် ဆိုင်ခန်း ၅၅ ခန်းအား ဆိုင်ခန်းအဌားချထားရာမှပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း သိရသည်။

ပုဗ္ဗသီရိစျေးရှိ ဆိုင်ခန်း ၆ ခန်း၊ အောင်ဇဗ္ဗူစျေးရှိ ဆိုင်ခန်း ၁၉ ခန်းနှင့်ဒက္ခိဏသီရိစျေးရှိ ဆိုင်ခန်း ၃၀ ခန်း(စုစုပေါင်း ၅၅ ခန်း)အား ပြည်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်ခန်း ၅၅ ခန်းအား ဌားရမ်းထားသူများသည် အကြောင်းအမျိုးမျိုးကြောင့် ဆိုင်ခန်းဖွင့်လှစ်ရောင်းချမှုမရှိသည့်အပြင် ဆိုင်ခန်းငှားရမ်းခပေးသွင်းရန်ပျက်ကွက်မှုများလည်းရှိခဲ့သဖြင့် ယာယီပိတ်သိမ်းထားခဲ့သည်။

ထိုသို့ ပိတ်သိမ်းထားပြီးနောက် ဆိုင်ခန်းအငှားချထားခြင်းမှပယ်ဖျက်၍ နေပြည်တော်စည်ပင်နယ်နိမိတ်အတွင်း ကော်မတီပိုင်ဈေးများတည်ဆောက်ခြင်း၊ပြင်ဆင်ထိန်းသိမ်းခြင်းနှင့်စီမံခန့်ခွဲခြင်းဆိုင်ရာစည်းကမ်းများအပိုဒ် – ၁၄၊ ၁၅ အရပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဆိုင်ခန်းပြန်လည်ရယူလိုသည့် ဆိုင်ခန်းဌားရမ်းထားသူများအနေဖြင့် ယာယီပိတ်သိမ်းများဌာနသို့ဆက်သွယ်၍ ဆိုင်ခန်းနှင့်ပတ်သက်သည့် အခွန်အခကြွေးကျန်နှင့်ဒဏ်ကြေးငွေများကို အပြေအကြေပေးသွင်းလျှောက်ထားရမည်ဖြစ်ကာ သတ်မှတ်ရက်အထိ လျှောက်ထားခြင်းမရှိပါက ဆိုင်ခန်းများအားပြန်လည်သိမ်းယာသွားဖြစ်ဟု သိရသည်။

ထိုသို့ သိမ်းယူရာ၌ ပေးသွင်းထားသည့် ဆိုင်ခန်းတန်ဘိုးငွေများကိုလည်း သိမ်းယူသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here