ယဉ်ကျေးမှု၊ ရိုးရာ စတဲ့အကြောင်းအရာတွေဟာ Story တွေအဖြစ် အများကြီးရှိနေပါတယ် Road to Mandalay ဒါရိုက်တာ Midi Z နှင့်တွေ့ဆုံခြင်း

0
102

midi-z-copy

မြန်မာ-ထိုင်ဝမ်လူမျိုး ရုပ်ရှင်ဒါရိုက်တာ Midi Z ဟာ မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ နိုင်ငံတကာ ရုပ်ရှင် အမွေအနှစ်ပွဲတော် ၂ဝ၁၆ ခုနှစ်ကို တက်ရောက်လာ ခဲ့ပြီးေ နာက် သူရိုက်ကူးထားပြီး နိုင်ငံတကာ ရုပ်ရှင်ပွဲ တော်တွေမှာ ဆုတံဆိပ်ပေါင်းများစွာကို ပိုင်ဆိုင် ထားခဲ့တဲ့ Road to Mandalay   ရုပ်ရှင်ဇာတ်ကားကို အောက်တို ဘာလ ၇ ရက်နေ့ ညနေက ရန်ကုန်မြို့ရှိ ဝဇီရာရုပ်ရှင်ရုံမှာ ပရီမီယံရှိုးအဖြစ်ပြသခဲ့ပါတယ်။ ဒါရိုက်တာ Midi Z  ဟာ မြန်မာနိုင်ငံ လားရှိုးမြို့မှာ မွေးဖွားကြီးပြင်း ခဲ့သူဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်မှာ တော့ ထိုင်ဝမ်နိုင်ငံကို ပြောင်းရွှေ့နေ ထိုင်ခဲ့တာဖြစ်ပါ တယ်။ လက်ရှိမှာတော့ အသက် ၃၂ နှစ်အရွယ်ရှိလာပြီ ဖြစ်တဲ့ ဒါရိုက်တာ Midi Z ဟာ သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား အတော်များများဟာ မွေးရပ်မြေ လားရှိုးမြို့ကို အခြေခံပြီး ရိုက်ကူးဖြစ်တဲ့ ရုပ်ရှင်ဇာတ် ကားတွေ ဖြစ် တယ်လို့လည်း သိရပါတယ်။ အခု လက်ရှိ မြန်မာနိုင်ငံမှာ ပရီမီယံရှိုးအဖြစ်ပြသတဲ့Road to Mandalay  ရုပ်ရှင်ဇာတ်ကားဟာ ထိုင်းနိုင်ငံကို တရား မဝင် နယ်စပ်လမ်းကြောင်းတွေကနေပြီး မြန်မာနိုင်ငံ သားတွေ တရားမဝင်အလုပ်သွားရောက် လုပ်ကိုင် နေကြရတဲ့အကြောင်းတွေကို အဓိကကျောရိုးထားပြီး ရိုက်ကူးတင်ပြထားတာကို တွေ့ရပါတယ်။

“Road to Mandalay  က ကျွန်တော့်ဇာတိ လားရှိုး မှာဖြစ်ခဲ့တဲ့ အကြောင်းအရာလေးကို အခြေခံ ရိုက်ကူးထားတာပေါ့။ ကျွန်တော်က ၁၆ နှစ်သား ကတည်းက ထိုင်ဝမ်ကို ရောက်နေခဲ့တာပေါ့။ ကျွန်တော် ၂ဝဝ၈ ခုနှစ်က မြန်မာပြည်ကို ပြန်လာတယ်။ လားရှိုးကို သွားတယ်။ လားရှိုးနားက ကျွန်တော့်မိတ်ဆွေတစ်ဦး ရဲ့ရွာကို သွားလည်ဖြစ်တယ်။ အဲဒီမှာ ကောင်လေး တစ်ယောက်က ကောင်မလေးတစ်ယောက်ကို သတ် လိုက်တယ်တဲ့။ ဘာဖြစ်လို့ သတ်လိုက်တာလဲဆိုေ တာ့ ကောင်လေးနဲ့ ကောင်မလေးက ဘန်ကောက်မှာ အလုပ်အတူတူ လုပ်တုန်းက ချစ်ကြိုက်ခဲ့ကြတယ်။ နောက် ၃ နှစ်နေတဲ့အချိန် ရွာ ကိုပြန်လာပြီး အိမ် ထောင် ကျသွားကြတယ်။ အိမ်ထောင် ကျပြီးနောက်မှာ ကောင်မလေးက ဘန်ကောက်ကို မမေ့နိုင်ဘူး။ ပြန်ချင် တယ်ပေါ့။ အဓိကကတော့ ပိုက်ဆံပြန်သွားရှာချင်တာ ပေါ့။ ဒါပေမဲ့ သူ့ယောက်ျားကတော့ မပေးပြန်ချင်တော့ ဘူး။ သူ့ယောက်ျားကလည်း မူးယစ်ဆေးဝါးတွေသုံး လာတယ်။ ကောင်မလေးကို သတ်လိုက်မိတယ်။ ဒါသည် တကယ်ဖြစ်ခဲ့တာဖြစ်တယ်။ ကျွန်တော် အဲဒီ ဇာတ်လမ်းကို ပြန်ရေးလိုက်တယ်။ ကျွန်တော် ဇာတ် ညွှန်းကို တည်ဆောက်နေစဉ်မှာ ဘန်ကောက်မှာရှိနေ တဲ့ မြန်မာအလုပ်သမား အယောက် ၁ဝဝ ကို အင်တာဗျူး လုပ်ပြီးမှ ဇာတ်ညွှန်းကို ခိုင်မာအောင် တည်ဆောက် လိုက်တယ်။ ဒါကြောင့် ဇာတ်သိမ်းမှာ နည်းနည်း ကြမ်း သွားတာဖြစ်တယ်” လို့ ဒါရိုက်တာ Midi Z က ပြောပြပါ တယ်။ ဒါရိုက်တာ Midi Z အနေနဲ့ကတော့Road to Mandalay  ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံ မှာ ရုံ တင်ပြသခွင့်ရဖို့အတွက် ကြိုးစားနေပါတယ်လို့လည်း ဆိုပါတယ်။ ‘Road to Mandalay’ ရုပ်ရှင် ဇာတ်ကား မှာ ထိုင်းရဲတွေ လာဘ်စားတဲ့ကိစ္စကိုထည့် ရိုက်ကူး ထားတာကို လည်းတွေ့ရတာမို့ ခွင့်ပြုချက်ယူပြီး ရိုက်ကူးရတာလားလို့ မေးဖြစ်တော့

“ထိုင်းနိုင်ငံမှာ ထိုင်းရဲတွေ နေ့စဉ်လာဘ်စားတယ်၊ ပိုက်ဆံယူတယ်ဆိုတဲ့ကိစ္စဟာ ထိုင်းနိုင်ငံမှာရှိတဲ့ သတင်းစာတွေမှာ တွေ့မြင် နေကျဖြစ်ပါတယ်။ အဲဒီ တော့ Road to Mandalay ဇာတ်လမ်းမှာလည်း ဒီ အကြောင်းက ဇာတ်ညွှန်းထဲမှာပါတော့လည်း ရိုက်ကူးလို့ ရပါတယ်။ ပြီးတော့ ဇာတ်ကားထဲမှာ ပါဝင်တဲ့ ထိုင်းရဲတွေ ကလည်း အစစ်မှမဟုတ်တာ။ ကျွန်တော် ခေါ်ယူအသုံးပြု ထားတဲ့ သရုပ်ဆောင်တွေပါ။ ခွင့်ပြုချက်မလိုခဲ့တာက ကျွန်တော့် ဇာတ်ကားRoad to Mandalay  က ထိုင်းနိုင်ငံ က ထုတ်လုပ်ရေးက အဓိကထား ပါဝင်တယ်။ ပြီးတော့ ထိုင်ဝမ် ထုတ်လုပ်ရေး၊ ပြီးတော့ မြန်မာဘက်ကလည်း ပါ တယ်။ ထိုင်းနိုင်ငံက ထုတ်လုပ်ရေး ကတော့ အဓိကပါဝင် တာပေါ့။ အဲဒီလို ပူးပေါင်းပြီး ရိုက်ကူးခဲ့တာဖြစ်တယ်။ ထိုင်းနိုင်ငံက ရိုက်ကူးတာဖြစ်တဲ့အတွက် ဆက်တင် တည်ပြီး ရိုက်တာဖြစ်တဲ့အတွက် ခွင့်ပြုချက်ယူစရာ မလို ဘူး။ ဒါပေမဲ့ ဥပမာဗျာ ရဲဌာနအစစ်မှာ ရိုက်ကူးမယ် ဆိုရင်တော့ ခွင့်ပြုချက်လိုတယ်။ ဒါပေမဲ့ Road to Mandalay  ဇာတ်လမ်းအစက နယ်စပ်ဒေသမှာ ရိုက်ကူး တာဖြစ်တော့ ခွင့်ပြုချက်တင်ရတယ်။ ခွင့်ပြုချက်ရခဲ့ပါ တယ်” လို့ ပြောပါတယ်။ ဒါရိုက်တာ Midi Z  ကတော့ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ခုအဖြစ် တည်ဆောက်နိုင် ဖို့ဆိုတာမှာ နည်းပညာမြင့် စက်ပစ္စည်းတွေ၊ နည်းပညာ အထောက်အကူပြုပစ္စည်းတွေ ပြည့်စုံနေဖို့က အဓိက မဟုတ်ပါဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့ အနီးပတ်ဝန်းကျင်နဲ့ ဘေးပတ်ဝန်း ကျင်မှာ ကိုယ့်ရဲ့ယဉ်ကျေးမှု၊ ရိုးရာ စတဲ့အကြောင်း အရာ တွေဟာStory  တွေအဖြစ် အများကြီးရှိနေပါတယ်။ အဓိကက ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ဂရုစိုက်မိမှသာ နီးကပ်တဲ့အစစ်အမှန်တွေကို ဖော်ပြနိုင်မှာဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုရင် ကျွန်တော် မြန်မာပြည်ကို ရောက် လို့ လမ်းမှာလျှောက်နေတဲ့ အချိန်မှာတောင် တွေ့ရတှဲ့အသမပ တွေမှ အများကြီးပဲ ” လို့ ဒါရိုက်တာMidi Z က ပြောပြပေးပါတယ်။ ဒါရိုက်တာ Midi Z ဟာ သူ့ရဲ့ ပထမ ဦးဆုံးရုပ်ရှင် Return to Burma  ဆိုတဲ့ ရုပ်ရှင် ဇာတ် ကားကိုလည်း သူ့ရဲ့မွေးရပ်မြေ လားရှိုးမှာ ရိုက်ကူးခဲ့တာ ဖြစ်တဲ့အပြင် မူးယစ်ဆေးဝါးကို အခြေခံတဲ့ ရုပ်ရှင် ဇာတ် ကားဖြစ်တဲ့ Ice Poison ရုပ်ရှင်ဇာတ်ကားဟာလည်း လားရှိုးမြို့မှာပဲ ရိုက်ကူးထားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။ နောက် ထပ်တစ်ကား အနေနဲ့ ၁၉၈ဝ ခုနှစ် ကနေ ၁၉၉ဝ ခုနှစ်ကြားမှာ သူ့ရဲ့ ဇာတိမြေ လားရှိုးမှာ ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာတစ်ခုကို ဖန်တီးဖို့အတွက် ဇာတ်ညွှန်းရေးေ နပြီလို့ ပြောပြပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here