ကိုးရီးယားကျွန်းဆွယ်သည် စစ်ဇုန်ဖြစ်လာနိုင်​

0
205

မြောက်ကိုရီးယား၏ခြိမ်းခြောက်မှုကိုတုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားနှင့်အမေရိကတို့ ပူးတွဲလေကြောင်းလေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်ဟု ယွန်ဟပ်သတင်းဌာနကယ​နေ့ ဖေဖော်ဝါရီ ၂ တွင်ဖော်ပြခဲ့သည်။ထို​လေ့ကျင့်မှုတွင်အမေရိကန်၏မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှင့်ကိုယ်ပျောက်တိုက်လေယာဉ်များအဓိကပါဝင်ခဲ့သည်။

ယခုစစ်အင်အားပြသမှုသည် ကန်ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်နှင့် တောင်ကိုရီးယားသမ္မတတို့၏တွေ့ဆုံမှု၌ မဟာမိတ်နှစ်နိုင်ငံကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြင့်မည်ဟု​ကြေငြာပြီးနောက်လုပ်​ဆောင်လာခြင်းဖြစ်သည်။

“ယခုတစ်ကြိမ်ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုက မြောက်ကိုရီးယားရဲ့နျူနဲ့ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ပိုပြီးထိထိရောက်ရောက် တားဆီးနိုင်ဖို့ အမေရိကရဲ့ဆန္ဒနဲ့စွမ်းရည်ကိုပြသခြင်းဖြစ်ပါတယ်” ဟု မစ္စတာလွိုက်အော်စတင်ကပြောကြားခဲ့သည်။

အမေရိကနှင့်၎င်းမဟာမိတ်များ၏ စစ်ရေးလေ့ကျင့်မှုသည် အခြေအနေကိုပိုမိုတင်းမာစေပြီး ကိုရီးယားကျွန်းဆွယ်အား စစ်လက်နက်တိုက်နှင့်ပိုမိုအရေးပါသော စစ်ဇုန်အဖြစ် ပြောင်းလဲပစ်နိုင်သည့်ခြိမ်းခြောက်မှုမျိုးဖြစ်သည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနကထုတ်ပြန်ခဲ့သည်။

ဝါရှင်တန်အနေဖြင့် ရန်လိုသည့်မူဝါဒများနှင့်အပြုအမူများကို ပြုလုပ်နေသမျှကာလပတ်လုံး ပြုံယမ်းအနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို စိတ်မဝင်စားကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA မှတစ်ဆင့်ပြောကြားခဲ့သည်။

ထို့အပြင်မြောက်ကိုရီးယားအနေဖြင့် အမေရိက၏စစ်ရေးလေ့ကျင့်မှုတိုင်းကို တုံ့ပြန်သွားမည်ဖြစ်ပြီး လိုအပ်ပါက နျူအပါအဝင်ပြင်းထန်သော တန်ပြန်တုံ့ပြန်မှုဗျူဟာများကိုပါပြင်ဆင်ထားကြောင်း ကြေငြာချက်တွင်ထည့်သွင်းဖော်ပြခဲ့သည်။

Ref 1 : AFP
Ref 2 : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here