ဗြိတိန် ဘုရင်စနစ်ကို ဘဏ်ငွေစက္ကူပေါ်မှ သြစတြေးလျ ဖယ်ရှားနေ

0
276

သြစတြေးလျသည် ဗြိတိသျှ ဘုရင်စနစ်ကို ၎င်း၏ဘဏ်ငွေစက္ကူများပေါ်မှ ဖယ်ရှားနေပြီဖြစ်ကြောင်း သိရသည်။

သြစတြေလျနိုင်ငံ၏ ဗဟိုဘဏ်သည် ၎င်း၏ဒေါ်လာ ၅ဝ တန် ငွေစက္ကူအသစ်တွင် လက်ရှိ ဗြိတိန်ဘုရင် Charles III ၏ ရုပ်ပုံမဟုတ်ဘဲ သြစတြေးလျ ဌာနေတိုင်းရင်းသားရုပ်ပုံဒီဇိုင်းဖြင်သာ့ ပုံနှိပ်မည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ သို့သော် ကွယ်လွန်သူ ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီး၏ ရုပ်ပုံမှာမူ ငွေအကြွေစေ့များတွင် ဆက်လက်ရှိနေဦးမည်ဟု မျှော်လင့်ရသည်။

ယခု ဆုံးဖြတ်ချက်သည် အပြောင်းအလဲကို ထောက်ခံသည့် လက်ဝဲယိမ်း အလုပ်သမားပါတီ အစိုးရနှင့် ဆွေးနွေးပြီးနောက် ချမှတ်လိုက်သည့် ဆုံးဖြတ်ချက် ဖြစ်သည်ဟု ဘဏ်က ပြောကြားခဲ့သည်။ အတိုက်အခံများကမူ ယင်းလှုပ်ရှားမှုသည် နိုင်ငံရေးအရ လှုံ့ဆော်ခြင်းဖြစ်ကြောင်း ဆိုကြပြန်သည်။

ဗြိတိသျှကိုလိုနီဟောင်းများစွာကဲ့သို့ပင် သြစတြေးလျနိုင်ငံသည်လည်း ဗြိတိန်နှင့် ၎င်း၏ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဆက်ဆံရေးကို မည်မျှအတိုင်းအတာအထိ ထိန်းသိမ်းထားသင့်သည်ကို ဆွေးနွေးငြင်းခုံနေကြဆဲဖြစ်ကြောင်း သိရသည်။

၅ ဒေါ်လာတန် ငွေစက္ကူသည် ဗြိတိသျှဘုရင်စနစ်၏ပုံရိပ် ကျန်ရှိနေသေးသည့် ဩစတေးလျနိုင်ငံ၏ တစ်ခုတည်း ဘဏ်ငွေစက္ကူဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here