ကျောင်းခေါင်မိုးပေါ်မှ ခုန်ချရန်ကြိုးစားသ‌ည့် ကျောင်းသူနှင့် ကယ်ဆယ်ရန်ကြိုးစား‌သည့် ကျောင်းဆရာတို့ ပြုတ်ကျသေဆုံးမှု နေပြည်တော်တွင် ဖြစ်ပွား

0
828

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ကိုယ်ပိုင်ကျောင်းတစ်ခုတွင် ဖေဖော်ဝါရီ (၁) ရက် ညနေပိုင်းက ကျောင်းဆရာတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့ ကျောင်းခေါင်မိုးပေါ်မှ ပြု တ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေ (၄) နာရီ (၁၅) မိနစ်ခန့်က ကျောင်းဆင်းချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်နေ မဆုမြတ်စံမှူး (၁၆) နှစ် (G 10-B) တွင် တက်ရောက်နေသူသည် ပေ ၅၀ ခန့် အမြင့်ရှိ ကျောင်းခေါင်မိုးပေါ်မှ ကျောင်းရှေ့မျက်နှာစာသို့ ခုန်ချရန်ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြုလုပ်မှုအား အဆိုပါ ကိုယ်ပိုင်စာသင် ကျောင်းမှ ကျောင်းဆရာ ဦးကြည်လင်းသန့်မှ ခေါင်မိုးပေါ်တက်၍ မဆုမြတ်စံမှူးအား ခေါ်ယူစဥ် မဆုမြတ်စံမှူးမှာ အောက်သို့လျောကျသွားသဖြင့် ဦးကြည်လင်းသန့်က လှမ်းဆွဲခဲ့သော်လည်း (၂) ဦးလုံး အောက်သို့ပြုတ်ကျသွားခဲ့ကြော င်း သိရသည်။

အောက်သို့ပြုတ်ကျခဲ့ရာမှ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ကျောင်းဆရာ ဦးကြည်လင်းသန့်သည် ညနေ (၅)နာရီခန့်နှင့် မဆုမြတ်စံမှူးမှာ ညနေ (၅) နာရီခွဲ ဝန်းကျင်ခန့်တွင် အသီးသီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အဲဒီကျောင်းသူက ခုန်ချဖို့လုပ်နေတာကို အားလုံးကဝိုင်းတားနေတုန်း ကျောင်းဆရာက ကယ်ဖို့တက်သွားတယ်။ မခုန်ချဖို့ပြောနေတုန်း ကျောင်းသူက လျောကျသွားတော့ လှမ်းဆွဲလိုက်တာမှာ နှစ်ယောက်လုံးပြုတ်ကျသွားတာ။ နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံမှာဆေးကုနေရင်း သေ ဆုံးသွားတာပါ”ဟု ပုဗ္ဗသီရိမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဥ်အား သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ သေမှုသေခင်းဖွင့်လှစ်၍ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပုံစာ-အခင်းဖြစ်ပွားခဲ့သည့် ကိုယ်ပိုင်ကျောင်း၏ ပုံဟောင်းအားအသုံးပြုထားပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here